ဆေ့ဖ် ကဒါဖီ ဖမ်းမိပြီ

  • 19 နိုဝင်ဘာ 2011
son_of_muammar_gaddafi_saif_al_islam ဓာတ်ပုံ မူပိုင် Reuters
Image caption ဆေ့ဖ် အဲလ် အစ္စလာမ် ကဒါဖီ

လစ်ဗျား ခေါင်းဆောင် ဟောင်း ကဒါဖီရဲ့ သားဖြစ်တဲ့ ဆေ့ အဲလ် အစ္စလာမ် ကဒါဖီ ကို ဖမ်းမိ ခဲ့ပြီ ဖြစ်ပါတယ်။

သူ့ကို အိမ်နီးချင်း နီဂျဲ နိုင်ငံထဲကို ဝင်ပြေးနိုင်ဖို့ ကြိုးစားနေစဉ် လစ်ဗျား နိုင်ငံ အနောက်တောင် ပိုင်းက ကန္တာရ မြို့တမြို့ ဖြစ်တဲ့ အူဘာရီ မှာ ဖမ်းမိ ခဲ့တာ ဖြစ်ပါတယ်။

ဆေ့ဖ် အဲလ် အစ္စလာမ် ကဒါဖီ ကို နိုင်ငံ အနောက်ပိုင်း မှာရှိတဲ့ ဇင်တန် မြို့က အစိုးရ လက်နက်ကိုင် တွေက ဖမ်းမိခဲ့တာ ဖြစ်ပြီး သူ့ကို အဲဒီမြို့ကို ခေါ်ဆောင် သွားခဲ့ပါတယ်။

လစ်ဗျား ကြားဖြတ် အစိုးရရဲ့ ဝန်ကြီးချုပ် အဗ္ဗဒူ ရာမင် အဲလ် ကိဘ် က ဆေ့ဖ်ကို လူသား ဆန်စွာ ဆက်ဆံ သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဆက်လက်ပြီး သူက ဆေ့ဖ် အဲလ် အစ္စလာမ် ဟာ လစ်ဗျား ပြည်သူ တွေ နှစ်ပေါင်း ၄၀ လောက် မရရှိ ခဲ့တဲ့ မျှတတဲ့ တရား စီရင်မှု ကိုလဲ ရရှိ သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ မစ္စတာ အဲလ် ကိဘ် ကတော့ ဆေ့ဖ် ကို ဇင်တန် မှာဘဲ ဆက်ရှိ နေစေချင် တယ်လို့ လဲ ပြောပါတယ်။