တဟီရာ ရင်ပြင်မှာ ဆန္ဒပြ နေကြဆဲ

  • 21 နိုဝင်ဘာ 2011
_egypt_clash_cairo_police_protest_tahrir_
Image caption အီဂျစ်က ဆန္ဒပြနေသူများ

အီဂျစ် နိုင်ငံက ကိုင်ရို မြို့တော်မှာ ရှိတဲ့ တဟီရာ ရင်ပြင်မှာ ဆန္ဒပြသူ တွေကို အစိုးရ လုံခြုံရေး တွေက ဖယ်ရှားဖို့ ကြိုးစား ခဲ့ကြ ပေမယ့် ဆန္ဒပြသူ ထောင် ပေါင်း များစွာ ဟာ ဆက်ရှိနေကြဆဲဖြစ် ပါတယ်။

ရာပေါင်းများစွာ ရှိတဲ့ စစ်သားနဲ့ ရဲတွေက ဆန္ဒပြသူ တွေရဲ့ ခေါင်းတွေကို ရိုက်ပြီး ရင်ပြင်ကနေ မောင်းထုတ် ကြတုန်းက တော့ ရုတ်ရုတ် သဲသဲတွေ ဖြစ်ခဲ့ကြ ပါတယ်။ အဲဒီ ဖြစ်ရပ်တွေ အတွင်းမှာ လူပေါင်း ၇ ဦး ထက် မနည်း အသက် ဆုံးရှုံး ခဲ့ကြ ရပါတယ်။

ဒါပေမယ့် အဲဒီလို ဖြစ်ပြီး တနာရီ တောင် မကြာသေးခင် မှာဘဲ လူအုပ်ကြီးက ပြန်ရောက် လာကြပြီး အီဂျစ် စစ်ကောင်စီရဲ့ တိုင်းပြည်ကို အမြဲ ထိန်းချုပ် သွား ဖို့ ကြိုးစား နေတယ်လို့ သူတို့ ထင်ထားတဲ့ အပေါ်မှာ ဆက်လက်ပြီး ဆန္ဒတွေ ပြခဲ့ကြပါတယ်။

အီဂျစ် ကက်ဘိနက် ရဲ့ အစည်းအဝေး မှာတော့ ပြည်ထဲရေး ဝန်ကြီးဌာနရဲ့ တပ်ဖွဲ့တွေ ဘက်က အကြမ်းနည်းနဲ့ တိုက်ခိုက် လာတာတွေ ကိုတောင် မှ ထိန်းထိန်းသိမ်းသိမ်း နဲ့ ကိုင်တွယ်ဖြေရှင်း နိုင်ခဲ့တယ် ဆိုပြီး ချီးကျူးလိုက်ပါတယ်။