အစိုးရ အဖွဲ့ စစ်ကောင်စီ ထံမှာ နှုတ်ထွက်စာတင်

  • 22 နိုဝင်ဘာ 2011
ဓာတ်ပုံ မူပိုင် Reuters
Image caption Tahrir Squareက ဆန္ဒပြသူတွေ ပြေးပြေးလွှားလွှား

အီဂျစ်နိုင်ငံမှာ အစိုးရ အဖွဲ့က နှုတ်ထွက်စာကို စစ်ကောင်စီထံ တင်ပြခဲ့ပြီး ဒီနှုတ်ထွက်စာကို လက်ခံဖို့ သင့်မသင့် ဆိုတာကို စစ်ကောင်စီက စဉ်းစားနေတယ်လို့ အီဂျစ် ရုပ်မြင်သံကြားက ပြောပါတယ်။

အစိုးရ အဖွဲ့ နှုတ်ထွက်မှုနဲ့ ပတ်သက်လို့ ရှင်းလင်းချက် ထွက်မလာ သေးပါဘူး။

အီဂျစ်မှာ စစ်တပ်ကနေပြီး ချုပ်ကိုင်ထားတဲ့ အာဏာတွေ ပိုမို လျှော့ချလာစေဖို့ အရပ်သား နိုင်ငံရေး သမားတွေက ကြိုးစားနေတာ ဖြစ်နိုင်တယ်လို့ ကိုင်ရိုမြို့က ဘီဘီစီသတင်းထောက် တယောက်က ပြောပါတယ်။

ကိုင်ရိုမြို့လယ်က တာရီရာ ရင်ပြင်မှာ ဆန္ဒပြသူတွေထဲက Hazem Mahmoud ကတော့ လက်ရှိ ဖြစ်ပျက်မှုတွေ အပေါ် စစ်ကောင်စီမှာသာ တာဝန်ရှိတယ် စစ်တပ် အကြီးအကဲ ဗိုလ်ချုပ်ကြီး တန်တာဝီ ရာထူးက ဆင်းပေးသင့်တယ် ၊ ကျွန်တော်တို့ကတော့ ဒီကနေ ထပ်ပြီး ထွက်မသွားနိုင်ပါဘူးလို့ ဆိုပါတယ်။

စစ်ကောင်စီ အနေနဲ့ တော်လှန်ရေး အစိုးရ လက်ထဲ အာဏာလွှဲပေးဖို့ နိုင်ငံရေး တက်ကြွ လှုပ်ရှားတဲ့ အဖွဲ့ ဂခုကလည်း အစောပိုင်းတုန်းက တောင်းဆိုခဲ့ ကြပါတယ်။

ကိုင်ရိုမြို့လယ်က တာရီရာ ရင်ပြင်မှာ လုံခြုံရေး တပ်ဖွဲ့က ဆန္ဒပြသူတွေကို သုံးရက်ကြာ အကြမ်းဖက် နှိမ်နင်းခဲ့လို့ ဆန္ဒပြသူ ၃၃ယောက် သေဆုံးခဲ့ပြီးတဲ့နောက် အခုလို တောင်းဆို မှုတွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။