AIDS ရောဂါ ဖြစ်ပွားမှု အနိမ့်ဆုံးထိ လျော့ကျ

  • 21 နိုဝင်ဘာ 2011
Image caption AIDS ရောဂါ လျော့ကျရေး၊ ၁၀ နှစ်အတွင်း တွန်အားပေး လုပ်ဆောင်ခဲ့ကြ

HIV ရောဂါပိုးဟာ လွန်ခဲ့တဲ့ ၁၄ နှစ်က ကူးစက်ပြန့်ပွားမှုအမြင့်ဆုံးဖြစ်ခဲ့ရာကနေ အခုအချိန်မှာ ကူးစက်မှု အနိမ့်ဆုံး အဆင့် ထိကို လျော့ကျသွားပြီ ဖြစ်တယ်လို့ ကုလသမဂ္ဂရဲ့ AIDS ရောဂါတိုက်ဖျက်ရေး အေဂျင်စီ UN-AIDS အဖွဲ့က ပြောပါ တယ်။

AIDS ရောဂါလျော့ကျရေးအတွက် ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်း တကမ္ဘာလုံးက တွန်အားပေး လုပ်ဆောင် ခဲ့ရာမှာ ၁၉၉၇ ခုနှစ်က HIV ပိုး ကူးစက်မှု အမြင့်ဆုံး ဖြစ်ခဲ့ရာကနေ အခုဆိုရင် ၂၀ ရာခိုင်နှုန်းကျော်အထိ ကျဆင်းသွား တယ်လို့ UN-AIDS ရဲ့ အစီရင်ခံစာသစ် တစောင်မှာ ဖေါ်ပြထားပါတယ်။

ဆေးကုသခွင့် ကျယ်ကျယ်ပြန့်ပြန့် ရရှိကြတဲ့အတွက် AIDS ရောဂါနဲ့ဆက်စပ် ဖြစ်ပွားခဲ့တဲ့ ရောဂါတွေကြောင့် သေဆုံးသူအရေအတွက်ဟာလည်း ကျဆင်းခဲ့ပါတယ်။

ဒါပေမယ့်လည်း ကမ္ဘာ့ပေါ်က တချို့ဒေသတွေ၊ အထူးသဖြင့်တော့ အာဖရိက ဆာဟာရ တောင်ပိုင်း ဒေသတွေမှာတော့ HIV ရောဂါပိုး ကူးစက်မှုဟာ အလွန်မြင့်မားနေဆဲဖြစ်ပြီး အဲဒီအတွက် ရင်းနှီးမြှပ်နှံမှုတွေ အကြီးအကျယ် လိုအပ်နေဆဲဖြစ်တယ်လို့ အစီရင်ခံစာက ဆိုပါတယ်။