ယီမင်မှာ အာဏာလွှဲပေးဖို့ သမ္မတ ဆာလေး သဘောတူ

  • 23 နိုဝင်ဘာ 2011
ဓာတ်ပုံ မူပိုင် Reuters
Image caption ယီမင် သမ္မတ Ali Abdullah Saleh

ယီမင်နိုင်ငံမှာ သမ္မတ အလီ အဗ္ပဒူလာ ဆာလေး ရာထူးက ဆင်းပေးဖို့ တောင်းဆို ဆန္ဒပြမှုတွေ ကိုးလကြာ ဖြစ်ပွားခဲ့ ပြီးတဲ့နောက် သမ္မတက ဒုတိယ သမ္မတကို အာဏာ လွှဲပေးဖို့ သဘောတူ လက်မှတ် ရေးထိုးခဲ့ပါတယ်။

ဆော်ဒီ အာရေဗျမှာ ရောက်နေတဲ့ မစ္စတာ ဆာလေးက သဘောတူ လက်မှတ် ပေးလိုက် တာကြောင့် နှစ်သုံးဆယ်ကျော်ကြာ သူ့အုပ်ချုပ်မှု ပြီးဆုံးသွားပြီ ဖြစ်ပါတယ်။

သမ္မတ အိုဘားမားကတော့ အခု သဘောတူညီချက်က ယီမင် ပြည်သူတွေ အတွက် အရေးပါတဲ့ ခြေလှမ်းတရပ် ဖြစ်တယ်လို့ ပြောပါတယ်။

ဒီသဘောတူချက် ရေးထိုးတဲ့ သတင်းကို ကြားရတာနဲ့ ယီမင်နိုင်ငံ ဆန်နာ့ မြို့က ထောင်သောင်းချီတဲ့ လူတွေက ချီးမွမ်း သြဘာ ပေးခဲ့ကြပြီး တချို့ကတော့ သမ္မတ ဆာလေးကို လွတ်ငြိမ်းချမ်းသာခွင့် မပေးနိုင်ဘူး ဆိုပြီး သဘောတူညီမှုကို ပယ်ချခဲ့ပါတယ်။