အီဂျစ်မှာ အစိုးရသစ်ဖွဲ့ဖို့ ယာယီ သဘောတူ

  • 25 နိုဝင်ဘာ 2011
egypt ဓာတ်ပုံ မူပိုင် BBC World Service
Image caption အီဂျစ်မှာ မူဘာရက် ပြုတ်ကျပြီး နောက်ပိုင်း အကြီးဆုံး ဆန္ဒပြပွဲကြီးတွေ ထပ်မြင်ရ

အီဂျစ် နိုင်ငံမှာ ဝန်ကြီးချုပ်ဟောင်း ကမာ ဂန်ဇူရီနဲ့ လက်ရှိ အာဏာရ စစ်ကောင်စီက တာဝန် ရှိသူတွေ စကား ပြောပြီးနောက် ဝန်ကြီးချုပ်ဟောင်းက အစိုးရသစ် ဖွဲ့ဖို့ ယာယီ သဘော တူခဲ့တယ်လို့ အီဂျစ် အစိုးရ မီဒီယာတွေက ကြေညာ သွားပါတယ်။

မစ္စတာ ဂန်ဇူရီဟာ ၁၉၉၀ ပြည့်လွန် နှစ်တွေက အရင် သမ္မတ မူဘာရက် လက်အောက်မှာဝန် ကြီးချုပ် ဖြစ်ဖူးပါတယ်။

သူဟာ အသက် ခုနှစ်ဆယ့် ရှစ်နှစ် ရှိပြီ ဖြစ်ပြီး စစ်အုပ်ချုပ်ရေး ရပ်ပေးဖို့ တောင်းဆိုနေတဲ့ လူငယ်ထုကို ဆွဲဆောင်နိုင်မယ့် အနေအထား ကောင်းကောင်း မရှိဘူးလို့ သတင်းထောက် တွေက ပြောပါတယ်။

နောက်ဆုံး အစိုးရ အဖွဲ့ ခေါင်းဆောင် ဖြစ်လာပြီ ဆိုရင်တောင် သူဟာ စစ်တပ်ရဲ့ ကောင်စီ အောက်မှာပဲ နေရမှာ ဖြစ်ပါတယ်။

အီဂျစ်မှာ ပါလီမန် ရွေးကောက်ပွဲတွေကို တနင်္လာနေ့မှာ ကျင်းပမှာ ဖြစ်ပြီး ဆန္ဒပြမှုတွေကို အစိုးရက အကြမ်းဖက် နှိမ်နင်းမှုကြောင့် တည်တည် ငြိမ်ငြိမ် မဖြစ်သေးတာတောင် လက်ရှိ အာဏာပိုင်တွေက ရွေးကောက်ပွဲ လုပ်ဖြစ်အောင် လုပ်မယ်လို့ ပြောနေပါတယ်။