ပါကစ္စတန်တပ်ဂိတ်ကို တိုက်ခိုက်မှု နေတိုးဝန်ခံ

  • 27 နိုဝင်ဘာ 2011
Image caption နေတိုးရဟတ်ယာဉ်တွေရဲ့ တိုက်ခိုက်မှုကြောင့် ပါကစ္စတန် စစ်သား ၂၄ ဦး သေဆုံးခဲ့

အာဖဂန်နယ်ခြားက ပါကစ္စတန်စစ်တပ်ဂိတ် ၂ ခု ကို နေတိုးရဟတ်ယာဉ်တွေက မနေ့က တိုက်ခိုက် ခဲ့တဲ့အတွက် အနည်းဆုံး ပါကစ္စတန် စစ်သား ၂၄ ဦး သေဆုံးခဲ့ မှုနဲ့ ပတ်သက်ပြီး နေတိုးအဖွဲ့က သူတို့မှာ တာဝန်ရှိကြောင်း ဝန်ခံ ပြောကြားလိုက် ပါတယ်။

နေတိုးအဖွဲ့ အ​ထွေထွေအတွင်းရေးမှူး အန်ဒါးစ် ဖို့ ရာမူဆန်က ဝမ်းနည်းကြေကွဲဖွယ် အခုဖြစ်ရပ် မှာ နေတိုးအဖွဲ့က တမင်သက်သက် ရည်ရွယ် တိုက်ခိုက်ခဲ့တာ မဟုတ်ကြောင်း ပြောပါတယ်။

နောက်ပြီး အခု စုံစမ်း စစ်ဆေးမှုတွေလုပ်နေတဲ့ အပေါ် သူ့အနေနဲ့ အပြည့်အဝ ထောက်ခံ ကြောင်း ပြောပါတယ်။

သေဆုံးခဲ့ရသူ စစ်သားတွေရဲ့ အသုဘ အခမ်းအနားကိုတော့ ပါကစ္စတန် စစ်တပ်အကြီးအကဲ ကိုယ်တိုင် တက်ရောက်ခဲ့ပါတယ်။

အခုလို တိုက်ခိုက်ခဲ့မှုတွေအပေါ် ပါကစ္စတန်အနေနဲ့ ဘယ်လောက်အထိ အမျက်ထွက်ရတယ် ဆိုတာကို သိရှိစေဖို့ ပါကစ္စတန် နိုင်ငံခြားရေး ဝန်ကြီး ဟင်နာ ရတ်ဘာနီ ခါးက အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးထံကို တယ်လီဖုန်းနဲ့ ဆက်သွယ်ပြီး ပြောကြားခဲ့ ပါတယ်။

ဒါပေမယ့်လည်း နေတိုးနဲ့ အာဖဂန် ဘက်က သတင်းတွေ အရတော့ ပါကစ္စတန် နိုင်ငံဘက် ကနေ နေတိုးအထူးတပ်ဖွဲ့ တခုကို တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။