ပါကစ္စတန် က နေတိုးကို လမ်းပိတ် ပြီ

  • 27 နိုဝင်ဘာ 2011
nato-helicopter
Image caption နေတိုး တပ်ဖွဲ့က ရဟတ်ယာဉ် တစင်း

ပါကစ္စတန် အစိုးရက အမေရိကန် နဲ့ နေတိုး အဖွဲ့တို့ နဲ့ ထားရှိတဲ့ သံတမန် ရေး၊ စစ်ရေး နဲ့ သတင်း ထောက်လှမ်းရေး ပူးပေါင်း ဆောင်ရွက် မှုတွေနဲ့ ပတ်သက်လို့ ပြန်လည် သုံးသတ်ဖို့ စီစဉ် နေတယ်လို့ ဆိုပါတယ်။

ဒါကတော့ ပါကစ္စတန် စစ်တပ် ရဲ့ ကင်းစခန်း တခုကို နေတိုးက လေကြောင်းက တိုက်ခိုက် ခဲ့လို့ စစ်သား ၂၅ ဦး သေဆုံး ခဲ့ရတဲ့ နောက်မှာ အခုလို ပြောကြား လိုက်တာ ဖြစ်ပါတယ်။

ကက်ဘိနက် ကာကွယ်ရေး ဆိုင်ရာ ကော်မတီ ရဲ့ အရေးပေါ် အစည်းအဝေး အပြီးမှာ ပါကစ္စတန် နဲ့ အာဖဂန်နစ္စတန် နယ်စပ်ကို နေတိုး တပ်ဖွဲ့တွေ ဖြတ်ကျော် ခွင့်တွေ ကိုလဲ ပိတ်ဖို့ ဆုံးဖြတ်လိုက် သလို၊ နိုင်ငံ အနောက်ပိုင်းက ဘာလူ ချစ်စတန် ပြည်နယ်မှာ ရှိတဲ့ ရှမ်ဆီး လေတပ် စခန်း ကနေ အမေရိကန် တပ်တွေ ၁၅ ရက် အတွင်း ထွက်ခွာ သွားဖို့ လဲ ကြေငြာ ချက်တရပ် ထုတ်လိုက်ပါတယ်။

အဲဒီ ရှမ်ဆီး လေတပ် စခန်း ကနေ အမေရိကန် တွေက မောင်းသူမဲ့ လေယာဉ် တွေကို စေလွှတ်ပြီး တိုက်ခိုက်မှု တွေလုပ်နေ ခဲ့ကြတာ ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီ စခန်း ကနေ အမေရိကန် တွေကို ဇွန်လ မှာထွက် သွားဖို့ အတွက် ပြောထား ပြီးသား လဲ ဖြစ်ပါတယ်။ နေတိုး ဘက်က က ပြောခွင့် ရသူကတော့ အာဖဂန် နဲ့ နယ်စပ် အနားမှာ ဆိုရင် တော့ မဟာမိတ် တွေဘက်က တိုက်ခဲ့ တာ ဖြစ်ဖို့ များတယ်လို့ ပြောပါတယ်။