တဟီရာ ရင်ပြင်မှာ ဆန္ဒပြသူတွေ ရှိနေကြဆဲ

  • 28 နိုဝင်ဘာ 2011
egypt_cairo_tahrir_square ဓာတ်ပုံ မူပိုင် AFP
Image caption တဟီရာ ရင်ပြင်

အီဂျစ် နိုင်ငံမှာ သမ္မတ မူဘာရက် ပြုတ်ကျ ခဲ့အပြီး ပထမဆုံး အကြိမ် အဖြစ်ပြုလုပ်တဲ့ ရွေးကောက်ပွဲအကြိုနေ့မှာလဲ ထောင်ပေါင်း များစွာ ရှိတဲ့ ဆန္ဒပြသူတွေဟာ ကိုင်ရိုမြို့က တဟီရာ ရင်ပြင်ကို ဆက်လက် သိမ်းပိုက် ထားကြဆဲ ဖြစ်ပါတယ်။

ဆန္ဒပြသူတွေက မူဘာရက်နေရာမှာအစားထိုး ဝင်ရောက် အုပ်ချုပ် နေတဲ့ စစ်ကောင်စီ ကို အရပ်သား အစိုးရဆီ အာဏာ ပြန်လွှဲပေးဖို့ အတွက် တောင်း ဆိုနေတဲ့ အရှိန်အဟုန် ကို ဆက်ပြီး ထိန်းထား နိုင်ဖို့ ကြိုးစား နေကြတာ ဖြစ်ပါတယ်။

စစ်ကောင်စီ ရဲ့ အကြီးအကဲ ဖြစ်တဲ့ ဗိုလ်ချုပ်ကြီး ဟူစိန် တန်တာဝီ ကတော့ နိုင်ငံရေး မတည်ငြိမ် မှုတွေ တိုးလာ နေပေမယ့် ပါလီမန် ရွေးကောက်ပွဲ တွေကို သတ်မှတ်ထားတဲ့ အချိန်အတိုင်း ဆက်ပြီး ကျင်းပသွား မယ်လို့ ဆိုလိုက်ပြီး အီဂျစ် ပြည်သူတွေကိုလဲ မဲလာ ပေးကြဖို့ အတွက် တိုက်တွန်းလိုက် ပါတယ်။

တခြား အတိုက်အခံ အဖွဲ့ တွေက ရွေးကောက်ပွဲ ကို ရက်ရွှေ့ ဆိုင်း စေချင် နေပေမယ့် အီဂျစ်က အကြီးဆုံး နိုင်ငံရေး လှုပ်ရှားမှု အဖွဲ့ကြီး တခု ဖြစ်တဲ့ မွတ်စလင် ညီအစ်ကို များအဖွဲ့ ကတော့ ဒီလို ရွေ့ဆိုင်း မှုတွေ လုပ်မှာကို ဆန့်ကျင် တယ်လို့ ဆိုပါတယ်။