ယီမင်မှာ အစိုးရသစ် ဖွဲ့တော့မယ်

  • 28 နိုဝင်ဘာ 2011
yemen ဓာတ်ပုံ မူပိုင် Reuters
Image caption ယီမင်ကဆန္ဒပြနေကြသူများ

ယီမင် နိုင်ငံ မှာတော့ အတိုက် အခံ ခေါင်းဆောင် မိုဟာမက် ဘဆင်းဒ်ဝါ ကို အစိုးရသစ် တရပ် ဖွဲ့စည်း ဖို့ တရားဝင် တာဝန် ပေးလိုက် ကြပါတယ်။

ဒါကတော့ ပြီးခဲ့တဲ့ သတင်းပတ်က သမ္မတ အလီ အဗ္ဗဒူလာ ဆာလေး လက်မှတ် ထိုးပေးလိုက်တဲ့ အာဏာလွှဲ ပြောင်းရေး သဘောတူညီ ချက် အရ ပဲဖြစ်ပါတယ်။

မစ္စတာ ဘဆင်းဒ်ဝါဟာ လပေါင်းများစွာ ရှိနေပြီဖြစ်တဲ့ သမ္မတကိုဆန့်ကျင်တဲ့ဆန္ဒပြပွဲ တွေမှာ အဓိက ကျတဲ့ ဦးဆောင် သူတဦး ဖြစ်ပါတယ်။ သူဟာ ယီမင် နိုင်ငံမှာ လာမဲ့ ဖေဖော်ဝါရီလ မှာကျင်းပမဲ့ ရွေးကောက်ပွဲ တွေ မတိုင်ခင် အထိ ကြားဖြတ် အစိုးရရဲ့ ဝန်ကြီးချုပ် အဖြစ်ရှိနေ မှာ ဖြစ်ပါတယ်။

အစောပိုင်း တုန်းကတော့ အာဏာက ဆင်းပေးတော့ မှာဖြစ်တဲ့ သမ္မတက ယီမင် မှာ မတည်မငြိမ် ဖြစ်နေစဉ် အတွင်းမှာ သူ့ကို လုပ်ကြံ ဖို့ ကြိုးစား ခဲ့သူတွေ မှ အပ၊ တခြား အမှားအယွင်း လုပ်ခဲ့မိသူတွေကို လွတ်ငြိမ်းခွင့်တွေ ပေးဖို့အတွက် ဆော်ဩလိုက်ပါတယ်။

အတိုက်အခံ ဘက်က ပြောခွင့်ရ အမျိုးသမီး ကတော့ မစ္စတာ ဆာလေး အနေနဲ့ ဒီလို ဆုံးဖြတ်ချက် မျိုးတွေ ချဖို့ အခွင့် အာဏာ မရှိတော့ ဘူးလို့ ပြောပါတယ်။