ယူရိုဇုန် အကြပ်အတည်း ဘရပ်ဆဲလ်က ဆွေးနွေးပွဲ

  • 30 နိုဝင်ဘာ 2011
ဓာတ်ပုံ မူပိုင် AP
Image caption ဥရောပ ကော်မရှင် ဥက္ကဌ မစ္စတာ ဘာရိုဆို

ယူရိုဇုန်ထဲက နိုင်ငံတွေရဲ့ ဘဏ္ဍာရေး ဝန်ကြီးတွေဟာ သူတို့ရဲ့ ကြွေးမြီ ပြဿနာတွေ ဖြေရှင်းဖို့ ဘရပ်စ်ဆဲလ်စ် မြို့မှာ တွေ့ဆုံ ဆွေးနွေး နေကြပါတယ်။

သူတို့ဟာ ဘဏ္ဍာရေး ပြန်လည် ဦးမော့လာစေမယ့် အကူအညီ ရံပုံငွေတွေ ထပ်ရဖို့ ကြိုးစားနေကြပြီး ဒါမှာသာ လိုအပ်ရင် စပိန်နဲ့ အီတလီ ရဲ့ ကြွေးမြီ အခက်အခဲကို ကယ်တင်ဖို့ ငွေ အလုံအလောက် ရလာမှာ ဖြစ်ပါတယ်။

ဒါပေမယ့် သူတို့လိုအပ်နေတဲ့ ယူရို ထရီလီယံနဲ့ ချီပြီး ရနိုင်မှာ မဟုတ်တဲ့ အတွက် နိုင်ငံတကာ ငွေကြေး ရံပုံငွေ အဖွဲ့ရဲ့ အကူအညီ တောင်းခံကောင်း တောင်းခံရနိုင် ပါတယ်။

ဒါပေမယ့်လည်း ဂရိ စီးပွားရေး ပြန်လည် နိုးထလာစေဖို့ နောက်ဆုံး အကူအညီ ပေးထားတဲ့ ငွေတွေကို အကြွေးစာရင်းက ပယ်ဖျက်လိုက်ပြီးဂရိကို ကြွေးမြီ ကင်းရှင်းတဲ့ အနေအထားမျိုး ထားလိမ့်မယ်လို့ ယူဆ ရပါတယ်။