Herman Cain ရွေးကောက်ပွဲ ဝင်ဖို့ ပြန်သုံးသပ်

  • 30 နိုဝင်ဘာ 2011
Image caption ရွေးကောက်ပွဲ ဝင်ဖို့ ပြန်သုံးသပ်နေတဲ့ Herman Cain

အမေရိကန် ပြည်ထောင်စုမှာ ရီပါ့ ဘလစ်ကန် ပါတီဖက်ကနေ သမ္မတလောင်း အဖြစ် ဝင်ပြိုင်ဖို့ ပြင်နေတဲ့ Herman Cain ဟာ အိမ်ထောင်ရေး ဖောက်ပြားမှုနဲ့ စွပ်စွဲခံရပြီးတဲ့နောက် သူ့ရဲ့ ရွေးကောက်ပွဲ မဲဆွယ် လှုပ်ရှားမှုကို ပြန်လည် သုံးသပ်နေပြီလို့ ပြောပါတယ်။

သူ့အပေါ် စွပ်စွဲနေတဲ့ Atlanta က စီးပွားရေး လုပ်ငန်းရှင် အမျိုးသမီး Ginger White ဂျင်ဂျာ ဝှိုက်ထ် ဟာ သူ့မိတ်ဆွေ သက်သက်သာ ဖြစ်ပြီး သူနဲ့ ၁၃နှစ်ကြာ ပေါင်းဖက်ခဲ့တယ် ဆိုတာ မဟုတ်ပါဘူးလို့ မစ္စတာ ကိန်းက ငြင်းဆို ထားပါတယ်။

မစ္စတာကိန်းဟာ သမ္မတ ရွေးကောက်ပွဲ ဝင်ပြိုင်ဖို့ ကြေညာ ရအောင် ပြင်ဆင်ခဲ့ တာကြောင့် သူမနဲ့ ပေါင်းဖက်မှုကို အဆုံးသတ်ခဲ့ကြတယ်လို့ မစ္စဝှိုက်ထ် ဖက်က ဆိုပါတယ်။

မစ္စတာကိန်းဟာ လိင်ပိုင်း ဆိုင်ရာ စော်ကားမှုနဲ့ စွပ်စွဲချက် အများအပြား ရင်ဆိုင်ခဲ့ ရပြီး ဒါတွေကို သူက ငြင်းဆို ထားပါတယ်။