အာဖရိက အရှေ့ပိုင်းမှာ ပျှမ်းမျှ မိုးရေချိန်ထက် ပို ရွာသွန်းနေ

  • 30 နိုဝင်ဘာ 2011
Image caption USAID သုံးသပ်ချက်အရ အာဖရိက အရှေ့ပိုင်း မိုးများ

အာဖရိက အရှေ့ပိုင်းက အပူပိုင်း ရပ်ဝန်းဒေသတွေမှာ ပျှမ်းမျှ မိုးရေချိန်ထက် ပိုပြီး မိုးရွာသွန်းနေတယ်လို့ အမေရိကန် အစိုးရ အေဂျင်စီ USAID က ပြောပါတယ်။

အောက်တိုဘာလကတည်းက ကင်ညာ ၊ ဆိုမာလီနဲ့ အီသီယို ပီးယား အပါအဝင် ဒေသ အတော်များများမှာ သာမန်ထက် ၄ဝဝ ရာခိုင်နှုန်း မိုးရွာသွန်းခဲ့ပြီး ကောက်ပဲသီးနှံတွေ စိုက်ပျိုး ဖြစ်ထွန်းနိုင်မယ့် အလားအလာဘဲလို့ သူတို့ရဲ့ နောက်ဆုံး လေ့လာ သုံးသပ်ချက် တွေပေါ် အခြေခံပြီး USAID က ဆိုပါတယ်။

ဒါပေမယ့် အဲဒီလိုသာ ဆက်ပြီး မိုးကြီး နေမယ် ဆိုရင်တော့ ဗစ်တိုးရီးယားကန် တဝိုက်က ဒေသတွေမှာ ရေကြီးပြီး လူမှုကယ်ဆယ်ရေး လုပ်ငန်းတွေကို အန္တရယ်ပေး နိုင်တယ်လို့ USAID က သတိပေးထားပါတယ်။