အိုင်ဗရီကို့စ် သမ္မတဟောင်းကို ICC လွှဲပြောင်း

  • 30 နိုဝင်ဘာ 2011
ဓာတ်ပုံ မူပိုင် BBC World Service
Image caption မစ္စတာ ဘက်ဗိုကို ညတွင်းချင်း ICC ကို လွှဲပြောင်း လိုက်တာဖြစ်ပါတယ်

အိုင်ဗရီကို့စ် သမ္မတဟောင်း လောရန့် ဘက်ဗိုကို လူသားတွေအပေါ် လူမဆန်စွာ ညှင်းပန်း သတ်ဖြတ်မှု စွပ်စွဲချက်တွေနဲ့ the Hague မြို့ နိုင်ငံတကာ ရာဇဝတ်မှု တရားရုံး ICC ကို လွှဲပြောင်းလိုက်တဲ့ အပေါ် သူ့ကိုထောက်ခံသူတွေဟာ အမျက် ဒေါသ ထွက်ခဲ့ကြပါတယ်။

မစ္စတာ ဘက်ဗိုကို ညတွင်းချင်း ICC ကို လွှဲပြောင်းလိုက်တာဟာ မသမာတဲ့ လုပ်ရပ် ဖြစ်တယ်လို့ မစ္စတာ ဘက်ဗိုရဲ့ ပြောခွင့်ရသူ ပြောပါတယ်။

နောက်ပြီးသူက လက်ရှိ အုပ်ချုပ်သူတွေရဲ့ ရက်စက်မှုကို ပြသလိုက်တာ ဖြစ်သလို အိုင်ဗရီကို့စ်ရဲ့ တရားစီရင်မှု ချိုးဖေါက်ခံရတာ ဖြစ်တယ်လို့လည်း ပြောကြားသွား ပါတယ်။

ဒါပေမယ့်လည်း အစိုးရ ပြောခွင့်ရသူကတော့ မစ္စတာ ဘက်ဗိုကို ICC ပို့လိုက်တာဟာ အိုင်ဗိုရီကို့စ် နိုင်ငံအတွက် မင်္ဂလာဖြစ်တယ်လို့ ပြောပါတယ်။

မစ္စတာဘက်ဗိုကို ထောက်ခံတဲ့ ပါတီ ငယ်လေးတွေကတော့ လာမယ့် ၂ ပတ်အတွင်း ကျင်းပဖို့ ရှိတဲ့ ပါလီမန်ရွေးကောက်ပွဲ ကနေ နှုတ်ထွက်ခဲ့ကြပြီ ဖြစ်ပါတယ်။