ကမ္ဘာတဝှမ်း ရှယ်ယာစျေးတွေ ထိုးတက်

  • 30 နိုဝင်ဘာ 2011
shares ဓာတ်ပုံ မူပိုင် AP
Image caption ဂျာမန် ညွှန်းကိန်းဟာ တရက်ထဲ ငါးရာခိုင်နှုန်းကျော် တက်

ကမ္ဘာ့ စီးပွားရေး ထိပ်သီး နိုင်ငံကြီးတွေရဲ့ ဗဟို ဘဏ်တွေက ဘဏ္ဍာရေး အဖွဲ့အစည်း တွေ ငွေချေး နိုင်အောင် စုပေါင်းဟန်ချက် ညီ လုပ်ပြီး စီစဉ်ပေးမယ်လို့ ကြေညာပြီး နောက် မနေ့က ကမ္ဘာ တဝှမ်းက အစု ရှယ်ယာ စျေးကွက်တွေမှာ ရှယ်ယာစျေး တွေ သိသိ သာသာ တက်သွား ခဲ့ပါတယ်။

နယူးယောက် အစု ရှယ်ယာ စျေးကွက်က ဒေါင်းဂျုံးစ ညွှန်းကိန်းဟာ တရက်ထဲမှာ လေးရာခိုင်နှုန်းကျော် တက်ပြီး ဥရောပ နိုင်ငံတွေက အစု ရှယ်ယာ ညွှန်းကိန်းတွေလည်း အလားတူ လေးငါး ရာခိုင်နှုန်းစီလောက် တက်ခဲ့ပါတယ်။

မနေ့က ကြေညာလိုက်တဲ့ အစီအစဉ်အရ ကမ္ဘာ တဝှမ်းက ဗဟိုဘဏ်တွေ အနေနဲ့အမေ ရိကန် ဒေါ်လာကို အတိုးနှုန်း သက်သက် သာသာနဲ့ လိုသလောက် ချေးနိုင်စေပြီး ဒီဗဟို ဘဏ်တွေက သူတို့ နိုင်ငံတွေက ဘဏ်တွေကို တဆင့် ပြန်ချေးဖို့ ရည်ရွယ် ထားပါတယ်။

လောလောဆယ်မှာ ဥရောပ တလွှားက ဘဏ်တွေ ငွေအလွယ်တကူ ချေးလို့ မရတဲ့ အတွက် ဒီအခက် အခဲကနေ ကမ္ဘာတလွှား ချေးငွေ အကျပ်အတည်း ဆိုက်တဲ့ထိ ဖြစ်မသွားအောင် ကြံဆရာကနေ ဒီအစီအစဉ်ကို အဆိုပြု ဖော်ဆောင်လာတာ ဖြစ်တယ်လို့ ဘီဘီစီ သတင်း ထောက်က ပြောပါတယ်။