လန်ဒန် အီရန် သံရုံး ပိတ်ဖို့ ယူကေ အမိန့်ချ

  • 1 ဒီဇင်ဘာ 2011
uk iran
Image caption တီဟီရန်က ယူကေ သံရုံးကို ဆန္ဒပြသူတွေ ဝင်စီးစဉ်

လန်ဒန်မြို့က အီရန် သံရုံးကို ပိတ်ပြီး သံရုံး ဝန်ထမ်းတွေ အားလုံးနိုင်ငံတွင်းက လေးဆယ့် ရှစ်နာရီ အတွင်း ထွက်ခွာရ မယ်လို့ ဗြိတိသျှ အစိုးရက အမိန့်စာထုတ် ပြန်လိုက်ပါတယ်။

တီဟီရန် မြို့တောက် ဗြိတိသျှ သံရုံးကို အီရန်က ဆန္ဒ ပြသူတွေ ဝင်စီးပြီး နောက်တရက်မှာ အီရန် သံတမန်တွေကို ယူကေ နိုင်ငံက ထွက်ခွာဖို့ ဗြိတိသျှ နိုင်ငံခြားရေး ဝန်ကြီးက ကြေညာ ခဲ့တာ ဖြစ်ပါတယ်။

အီရန် အစိုးရက တနည်းတဖုံ သဘော မတူဘဲ သံရုံးကို စီးနင်းတာမျိုး မဖြစ်နိုင်ဘူးလို့ ဗြိတိသျှ နိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။

တီဟီရန်က ဗြိတိသျှ သံရုံးကိုလည်း အခု ပိတ်လိုက်ပြီး သံရုံး ဝန်ထမ်းတွေကို ပြန်ခေါ်ပြီး ပြီလို့ ပြောပါတယ်။

အီရန် အစိုးရကတော့ ဗြိတိန် နိုင်ငံရဲ့ တုန့်ပြန်မှုဟာ အလျင်စလို နိုင်တယ်လို့ ပြောပြီး အီရန် အနေနဲ့ နောက်ထပ် လုပ်ဆောင်မှုတွေ ထပ်လုပ် လာနိုင်တယ်လို့ သတိ ပေးလိုက်ပါတယ်။