အီရတ်က အမေရိကန်စစ်ဌာနချုပ်ကို အီရတ်ကို လွှဲပြောင်း

  • 2 ဒီဇင်ဘာ 2011
ဓာတ်ပုံ မူပိုင် BBC World Service
Image caption စစ်သားပေါင်း ၄ သောင်း ၆ ထောင် ဆန့်တဲ့ အဆောက်အဦး ဖြစ်ပါတယ်

အီရတ်နိုင်ငံမှာရှိတဲ့ အမေရိကန် စစ်တပ် ဌာနချုပ် ဟောင်းရဲ့ ကွပ်ကဲအုပ်ချုပ်မှု လုပ်ငန်းတွေကို အီရတ် အာဏာပိုင်တွေထံ လွှဲပြောင်း ပေးလိုက်ပြီ ဖြစ်ပါတယ်။

ဒါဟာ ဒီနှစ်ကုန်မှာ အီရတ်ကနေ အမေရိကန် စစ်သားတွေ ပြန်ရုပ်မယ့် အစီအစဉ်ရဲ့ တစိတ် တပိုင်း ဖြစ်ပါတယ်။

Camp Victory လို့ ခေါ်တဲ့ ဒီစခန်းဟာ ဘဂ္ဂဒက် လေဆိပ် အနီး ဆဒ္ဒမ်ဟူစိန်ရဲ့ ကြီးမားလှတဲ့ နန်းတော် ခြံဝင်းထဲမှာ တည်ရှိတာ ဖြစ်ပါတယ်။

ဒီစစ်ဌာနချုပ်ဟာ စစ်သားပေါင်း ၄ သောင်း ၆ ထောင် ဆန့်တဲ့ အဆောက်အဦးလည်း ဖြစ်ပါတယ်။

အမေရိကန် တပ်ဖွဲ့ ပြောခွင့်ရသူက AFP သတင်း အေဂျင်စီကို ပြောရာမှာ - အခုလို လွှဲပြောင်းတာကို အခမ်းအနား မလုပ်ပဲ စာရွက်စာတမ်းတွေမှာ လက်မှတ် ရေးထိုးတာပဲ ပြုလုပ်ခဲ့တယ်လို့ ပြောပါတယ်။