ဗြိတိန်သံရုံး တိုက်ခိုက်မှု အီရန် အစိုးရ နောက်ကွယ်က ပါဝင်

  • 3 ဒီဇင်ဘာ 2011
Image caption တီဟီရန်မြို့ ဗြိတိသျှ သံရုံးရှေ့က ဆန္ဒပြမှု

အခုသီတင်းပတ် အစောပိုင်းတုန်းက တီဟီရန် မြို့က ဗြိတိသျှ သံရုံးဝန်းထဲ ဝင်ရောက် စီးနင်း တိုက်ခိုက်မှုတွေကို အီရန် အာဏာပိုင်တွေက နောက်ကွယ်က ကြိုးကိုင် ခဲ့တာ ဖြစ်တယ်လို့ အီရန် နိုင်ငံဆိုင်ရာ ဗြိတိသျှ သံအမတ်ကြီး Dominic Chilcott က ပြောပါတယ်။

ဗြိတိသျှ သံရုံးနဲ့ သံတမန် အိမ်ယာ ခြံဝန်းထဲ ဆန္ဒပြသမားတွေ ဝင်ရောက် စီးနင်းတော့ အီရန် ရဲတွေက အနောက်က ရပ်နေတယ်လို့ သံအမတ်ကြီးက ဘီဘီစီကို ပြောပါတယ်။

ဗြိတိသျှ အစိုးရက မောင်းထုတ်လိုက်တဲ့အတွက် လန်ဒန်မြို့က အီရန် သံတမန်တွေလည်း နိုင်ငံထဲက ထွက်ခွာသွားပါပြီ။

ဒါကို ဗြိတိန် အစိုးရရဲ့ အလျင်စလို လုပ်ရပ်ဆိုပြီး အီရန်က ရှုတ်ချခဲ့သလို တီဟီရန်က ဗြိတိသျှ သံရုံးစီးနင်းမှုဟာလည်း လူနည်းစု ကျောင်းသားတွေရဲ့ လက်မခံနိုင်ဖွယ် လုပ်ရပ် လို့ ပြောပါတယ်။