အစုရှယ်ယာ စျေးတွေ သုံးနှစ်အတွင်း စံချိန်တင် ထိုးတက်

  • 3 ဒီဇင်ဘာ 2011
ဓာတ်ပုံ မူပိုင် AFP
Image caption အစုရှယ်ယာ အညွှန်းကိန်းပြ ဇယား

ယူရိုဇုန်ထဲက ကြွေးမြီ ပြဿနာ အပေါ် နောက်ထပ် အရေးယူ ဆောင်ရွက်တွေက ဖြေရှင်း ပေးနိုင်လိမ့်မယ် ဆိုတဲ့ မျှော်လင့်ချက်တွေကြောင့် စျေးကွက်မှာ တချို့ အစုရှယ်ယာစျေးတွေဟာ သုံးနှစ်နီးပါး အတွင်း အမြင့်ဆုံး စံချိန်ချိုးသွားခဲ့ပါတယ်။

Frankfurt မြို့က အဓိက အစုရှယ်ယာ အညွှန်းကိန်းဟာ တပတ်အတွင်း ဆယ့်တစ် ရာခိုင်နှုန်း နီးပါး တက်သွားခဲ့ပါတယ်။

လာမယ့် သီတင်းပတ် အတွင်း ကျင်းပမယ့် ဥရောပ သမဂ္ဂ ထိပ်သီး အစည်းအဝေးမှာ သဘော တူညီမှု ရလိမ့်မယ်လို့ အစုရှယ်ယာ အရောင်းအဝယ် လုပ်သူတွေက ယူဆ နေကြပါတယ်။

ဒါပေမယ့်လည်း ဒီယူရိုဇုန်ရဲ့ ကြွေးမြီ ပြဿနာကို ဖြေရှင်းနိုင်ဖို့ နှစ်နဲ့ချီပြီး ကြာလိမ့်မယ်လို့ ဂျာမန် ဝန်ကြီးချုပ် အန်၈လာ မာခဲလ်က ပြောပါတယ်။

ယူရိုဇုံ အတွင်း စီးပွားရေး တည်ငြိမ်မှု ပိုမိုရရှိ နိုင်စေမယ့် ငွေကြေးဆိုင်ရာ သမဂ္ဂ တခု စတင်ဖွဲ့စည်းရမယ်လို့ ဂျာမန်ပါလီမန်မှာ သူမက ပြောသွားခဲ့ပါတယ်။