ရုရှားရွေးကောက်ပွဲ လေ့လာသူတွေဖိအားပေးခံရ

  • 4 ဒီဇင်ဘာ 2011
ballot
Image caption မဲပေးနေသူ တဦး

ရုရှား နိုင်ငံမှာ တနင်္ဂနွေ နေ့မှာ ကျင်းပတဲ့ ပါလီမန် ရွေးကောက်ပွဲ တွေ နဲ့ ပတ်သက်လို့ လွတ်လပ်တဲ့ စောင့်ကြည့်လေ့လာ သူတွေက သူတို့ ကို အာဏာပိုင် တွေဘက်က ဖိအား ပေးတာတွေပိုများ လာနေတယ်လို့ ဆိုလိုက် ပါတယ်။

ဒါကတော့ ဒီ လေ့လာ သူ တွေရဲ့ အကြီးအကဲ တဦးဖြစ်သူ လီလီယာ ရှီဘန်နိုဗာ ကို မော်စကို လေဆိပ် မှာ သူဆိုက်ရောက် လာစဉ် ၁၂ နာရီ ကြာထိန်းသိမ်း ထားခဲ့ ပြီးတဲ့ နောက်မှာ အခုလို ပြောကြားလိုက် တာ ဖြစ်ပါတယ်။

ဘီဘီစီ ရဲ့ မော်စကို သတင်းထောက် ကတော့ အခု ရွေးကောက် ပွဲက မျှတမှု ရှိပါ့မလား ဆိုတာ က မေးခွန်း ကြီးတခု ဖြစ်နေကြောင်း လဲ ဆိုပါတယ်။ ဒီလေ့လာ စောင့်ကြည့်သူ တွေဟာ ပါတီနိုင်ငံ ရေးတွေနဲ့ ကင်းရှင်းသူ တွေဖြစ်သလို အမေရိကန် နဲ့ ဥရောပ သမဂ္ဂ တို့က နေ ထောက်ပံ့ပေး ထား တာဖြစ်ပြီး သူတို့ တွေဘက်က ဒီရွေးကောက် ပွဲနဲ့ ပတ်သက် လို့ ထောင်နဲ့ ချီပြီး ရှိနေတဲ့ စည်းကမ်း ချိုးဖောက်မှု တွေကို လဲ တင်ပြထား ပြီးဖြစ်ပါတယ်။

အခုတော့ ရွေး ကောက်ပွဲ မှာ မဲပေးတာတွေ စတင်နေပြီ လို့သိရပါတယ်။ အနိုင် ရဖို့ အတွက် ရေပန်းစား နေတာ ကတော့ ဝန်ကြီးချုပ် ဗလာဒီ မီယာ ပူတင်ရဲ့ ယူနိုက်တက် ရုရှား ပါတီ ပဲ ဖြစ်ပါတယ်။