အာရပ်အဖွဲ့ချုပ် ဆီးရီးယားကို အရေးယူ

  • 4 ဒီဇင်ဘာ 2011
arab_league ဓာတ်ပုံ မူပိုင် Reuters
Image caption အာရပ် အဖွဲ့ချုပ်

အာရပ်အဖွဲ့ချုပ်က သူ့ရဲ့ အဖွဲ့ဝင် နိုင်ငံ တခုကို အပြင်းထန်ဆုံး အရေး ယူမှုတခု အဖြစ် ပြည်ပက စောင့်ကြည့် လေ့လာသူ တွေကို ဆီးရီးယား နိုင်ငံထဲ ပေးဝင်ဖို့ ကိစ္စ ကို တနင်္ဂနွေ နေ့ကို နောက်ဆုံး ထားလို့ လက်ခံ ဖို့ အတွက် ဆီးရီးယားနိုင်ငံကိုပြော လိုက်ပါတယ်။

ကာတာ နိုင်ငံ မှာ ကျင်းပခဲ့တဲ့ အာရပ် အဖွဲ့ချုပ် ကော်မတီ အစည်းအဝေးက ဆီးရီးယား အစိုးရ ရဲ့ ဆန္ဒပြသူ တွေကို ပြင်းထန်စွာနှိမ်နင်းမှုတွေကို တုန့်ပြန်တဲ့ စီးပွားရေး ပိတ်ဆို့ အရေးယူမှု တွေကိုလဲ အတည် ပြုလိုက် ပါတယ်။

နောက်တခါ ဆီးရီးယား ထိတ်တန်း အရာရှိ ၁၉ ဦးရဲ့ ပိုင်ဆိုင်မှု တွေ ကိုလဲ ထိန်းသိမ်း ပစ်မှာ ဖြစ်ပြီး အာရပ်နိုင်ငံတွေ ကိုခရီးသွားလာ ခွင့်တွေကိုလဲ ပိတ်လိုက် ပါတယ်။

အစောပိုင်း ကတော့ တူရကီ နိုင်ငံကို ရောက်ရှိနေတဲ့ အမေရိကန် ဒုတိယ သမ္မတ ဂျိုး ဘိုင်ဒန် က နိုင်ငံတကာ က တူညီတဲ့ တုန့်ပြန်သံတွေက ဆီးရီးယား သမ္မတ ဘာရှာ အဲလ် အာဆတ်ဒ် ကို ရာထူးကနေ နုတ်ထွက် ပေးဖို့ တိုက်တွန်း နေကြတာ ဖြစ်တယ်လို့ ဆိုပါတယ်။