အမေရိကန် သူလျှိုလေယာဉ် ကို အီရန် ပစ်ချ

  • 5 ဒီဇင်ဘာ 2011
_army-mehr1
Image caption အီရန် လုံခြုံရေးတပ်ဖွဲ့ ဝင်များ

အီရန် လုံခြုံရေး တပ်ဖွဲ့တွေက အီရန် အရှေ့ပိုင်းမှာ အမေရိကန် ရဲ့ မောင်းသူမဲ့ သူလျှို လေယာဉ် တစင်း ကို ပစ်ချလိုက် တယ် လို့ ဆိုပါတယ်။

ဆက်လက်ပြီး ဒီလို အီရန်ရဲ့ လေပိုင်နက် ထဲ ကို ထပ်ပြီး ကျူးကျော် လာရင် ပြန်လည် တုန့်ပြန် သွားမှာ ဖြစ်တယ်လို့ လဲ ဆိုလိုက်ပါတယ်။

လေယာဉ် ဟာ ရေဒါကို ရှောင်ကွင်း နိုင်တဲ့ လေယာဉ် ဖြစ်ပြီး အပျက်အဆီး အနည်းငယ်သာ ရှိပြီး သူတို့ရဲ့ လက်ထဲကို ရောက်နေပြီ ဖြစ်တယ် လို့လဲ ပြောပါတယ်။

ဒီလေယာဉ် ဟာ အာကျူ ၁၇၀ အမျိုးအစား ဖြစ်ပြီး လေယာဉ် နဲ့ ပတ်သက်လို့ အစက အမေရိကန် က လျှို့ဝှက် ထားခဲ့ ပါတယ်။ လွန်ခဲ့တဲ့ ၂ နှစ် လောက်ကမှ ဒီလေယာဉ် နဲ့ ပတ်သက်ပြီး အမေရိကန် တို့က သုံးစွဲ နေကြောင်း ဝန်ခံ ခဲ့ကြတာ ဖြစ်ပါတယ်။

အီရန် စစ်ဘက်က အနာဂတ်မှာ အမေရိကန်ရဲ့ ကျူးကျော်မှုတွေကို သူတို့ ဘက်က တုန့်ပြန် ရာမှာ အီရန် နယ်စပ် မှာလောက်နဲ့ ပြီးသွားမှာ မဟုတ်ဘူး လို့လဲ ပြောပါတယ်။

အီရန်နဲ့ အိမ်နီးချင်း အာဖဂန် နစ္စတန် ထဲမှာ ရှိတဲ့ နေတိုး ဦးဆောင် တဲ့ တပ်ဖွဲ့တွေ ဘက်က တော့ လွန်ခဲ့တဲ့ သတင်းပတ် အတွင်းက အာဖဂန် အနောက်ပိုင်းမှာ ပြောက်ဆုံး သွားခဲ့တဲ့ လေယာဉ် ဟာ ဒီလေယာဉ် ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။