သမ္မတအိုဘားမား ပါကစ္စတန် သမ္မတကိုဆက်သွယ်

  • 5 ဒီဇင်ဘာ 2011
barak_obama ဓာတ်ပုံ မူပိုင် BBC World Service
Image caption သမ္မတ အိုဘားမား

ပါကစ္စတန် နိုင်ငံမှာ ပြီးခဲ့တဲ့ လအတွင်းက ပါကစ္စတန် စစ်သား ၂၄ ဦးသေဆုံးခဲ့ရတဲ့ တိုက်ခိုက်မှုမှာ နေတိုးက တမင် ရည်ရွယ်ပြီး တိုက်ခိုက်တာ မဟုတ်ကြောင်း အမေရိကန် သမ္မတ အိုဘားမား က ပါကစ္စတန် သမ္မတ အာဆစ် အလီဇာဒါရီ ကိုပြောလိုက်ပါတယ်။

မစ္စတာ အိုဘားမားက သမ္မတ ဇာဒါရီကို တယ်လီဖုန်း နဲ့ ဆက်သွယ်ပြီး ဒီကိစ္စနဲ့ ပတ်သက်လို့ စိတ်မကောင်း ဖြစ်ရကြောင်းနဲ့ ဝါရှင်တန် ဘက်ကနေ ဒီအဖြစ်အပျက် နဲ့ ပတ်သက်လို့ ပြည့်ပြည့် စုံစုံ စုံစမ်း စစ်ဆေး မှုတွေ လုပ်သွား မဲ့ အကြောင်း တွေကို ပြောခဲ့ကြောင်း အိမ်ဖြူတော် ကပြောပါတယ်။

ဒီလို အာဖဂန် နယ်စပ် အနားမှာ လေကြောင်းက တိုက်ခိုက်ခဲ့ တဲ့အပေါ်မှာ ပါကစ္စတန် ဘက်က သူ့ရဲ့ အချုပ်အခြာ အာဏာနဲ့ လွတ်လပ်ရေးကို တိုက်ခိုက် လာတာ ဖြစ်တယ်လို့ ဆိုပါတယ်။