ရုရှား ရွေးကောက်ပွဲ အခြေအနေ

  • 5 ဒီဇင်ဘာ 2011
russian_parliament_elections ဓာတ်ပုံ မူပိုင် Reuters
Image caption မဲများ ရေတွက် နေကြစဉ်

ရုရှား နိုင်ငံမှာ ကျင်းပခဲ့တဲ့ ပါလီမန် ရွေးကောက်ပွဲ တွေက ထွက်လာ တဲ့ရလဒ် တွေအရ တော့ ရုရှားဝန်ကြီးချုပ် ဗလာဒီ မီယာ ပူတင် ရဲ့ ပါတီဟာ မဲ အရနည်းသွား ခဲ့တာ ကိုတွေ့ရပါတယ်။

မဲစုစုပေါင်း ရဲ့ ထက်ဝက် ကျော်ကို ရေတွက် ပြီးချိန်မှာ ရုရှားက ဒူးမား လွှတ်တော် ရဲ့ ၃ ပုံ ၂ ပုံကို လွှမ်းမိုးထား ခဲ့တဲ့ ယူနိုက်တက် ရုရှား ပါတီဟာ မဲ အရေအတွက် ရဲ့ ၅၀ ရာခိုင်နှုန်း ကို တောင် မရ သေးဘဲ ဖြစ်နေပါတယ်။

လေ့လာသူ တွေကတော့ ဒီအခုရလဒ် တွေဟာ မထင်မှတ် ထားခဲ့တဲ့ အံ့ဩစရာ ရလဒ် တွေ ဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။ ယူနိုက်တက် ရုရှား ပါတီရဲ့ ပြောခွင့်ရသူ ကတော့ ဒါဟာ မစ္စတာ ပူတင်ရဲ့ အစိုးရ အတွင်းက ချစား မှုတွေကြောင့် ဖြစ်ရတာ ဖြစ်ပြီး မစ္စတာ ပူတင်ကို မကြိုက် ကြတော့ လို့ မဟုတ်ဘူး လို့ ဆိုပါတယ်။

အတိုက်အခံ ပါတီတွေနဲ့ ရွေးကောက်ပွဲ ကို လေ့လာသူတွေ ကတော့ တကယ်လို့ သာ မဲ မသမာ မှုတွေကို ကျယ်ကျယ်ပြန့်ပြန့် မလုပ်ခဲ့ ဘူးဆိုရင်တော့ မစ္စတာ ပူတင်ရဲ့ ပါတီ ဟာ အခု ထက်တောင် မဲ အရ နည်းသွားနိုင်တယ်လို့ ဆိုနေကြပါတယ်။