တရုတ်နိုင်ငံ မြို့ကြီးတွေမှာ မီးခိုးမြူတွေ အုပ်ဆိုင်း

  • 6 ဒီဇင်ဘာ 2011
ဓာတ်ပုံ မူပိုင် BBC World Service
Image caption လေထုညစ်ညမ်းမှုတွေဟာ စက်ရုံတွေကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်

တရုတ်နိုင်ငံ မြို့တော် ဘေဂျင်းနဲ့ နိုင်ငံ မြောက်ဘက်က မြို့ကြီးတွေမှာ ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း မီးခိုးမြူတွေ အလွန်တရာ အုပ်ဆိုင်းနေခဲ့တာကြောင့် လူတွေဟာ စိတ်ပျက် ဒေါသဖြစ်ရကြောင်း ဖေါ်ပြပြောဆိုကြပါတယ်။

တရုတ်နိုင်ငံမှာ အဓိက လူသုံးများတဲ့ လူမှု ကွန်ယက် ဝက်ဆိုက်တခုဖြစ်တဲ့ ဆီနားဝေးဘိုး မှာ ဆိုရင် အခုလို လေထုညစ်ညမ်းတာနဲ့ ပတ်သက်တဲ့ အမြင်သဘောထားပေါင်း ၄ သန်း ကျော် ရေးတင်ထားတာကို တွေ့ရပါတယ်။

အများစုကတော့ လမ်းပန်းဆက်သွယ်မှုတွေ ကြန့်ကြာနေရတာနဲ့ ကျန်းမာရေး အတွက် အန္တရာယ်ရှိတယ် ဆိုပြီး ရေးတင်ထားကြတာ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ မီးခိုးမြူတွေ အုပ်ဆိုင်းနေတာ လျော့နည်းလာတယ်လို့ ဆိုပါတယ်။

အခုလို လေထုညစ်ညမ်းမှုတွေ ဖြစ်ရခြင်း အကြောင်းထဲမှာ အများစုက စက်ရုံတွေကြောင့် ဖြစ်တယ်လို့ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ကျွမ်းကျင်သူတွေက ပြောပါတယ်။

တရုတ်အာဏာပိုင်တွေကတော့ ရာသီဥတု ဆိုးဝါးတာက အဓိကဖြစ်တယ်လို့ ဆိုပါတယ်။