အာရှမှာ ကျားမျိုးတုံးမယ့် အန္တရာယ်ရှိ

  • 7 ဒီဇင်ဘာ 2011
ဓာတ်ပုံ မူပိုင် bbc
Image caption မှောင်ခိုစျေးကွက်မှာ ကျားတကောင်ကို သိန်းတရာ လောက်အထိ စျေးပေါက်ပါတယ်

ကျားရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်း တွေဟာ ဆေးဖက် ဝင်တယ်ဆိုတဲ့ အယူအဆနဲ့ တရုတ်နိုင်ငံ အပါအဝင် အာရှဒေသ နိုင်ငံတွေမှာ ကျားတွေကို စျေးကောင်း ပေးဝယ်နေတဲ့အတွက် ကျားမျိုးတုံးမယ့် အန္တရာယ် ပိုကြီးလာ နေတယ်လို့ ကမ္ဘာ့သားရဲ တိရိစ္ဆာန် ရန်ပုံငွေအဖွဲ့ WWF က ပြောပါတယ်။

မှောင်ခိုစျေးကွက်မှာ ကျားတကောင်ကို သိန်းတရာ လောက်အထိ ပေးပြီးဝယ်ယူနေတာ တွေကို ကိုယ်တိုင်လေ့လာ တွေ့ရှိခဲ့တယ်လို့ အဲဒီအဖွဲ့က ထိုင်း အခြေစိုက် သုတေသီ ဦးတင်သန်း ကပြောပါတယ်။

မြန်မာ နိုင်ငံမှာ သဘာဝ ကျားရိုင်းတွေကို ဘေးမဲ့ပေး ထားတဲ့တောတွေ ရှိနေပေမယ့် စျေးကောင်း ရတာကြောင့်ခိုးယူ ဖမ်းဆီး သူတွေ ရှိနေ ဆဲဘဲလို့ ဆိုပါတယ်။

သဘာဝ ကျားရိုင်းတွေကို ဖမ်းဆီး မျိုးပွားပြီး ပြန်ရောင်းကြ သူတွေလည်း ရှိနေပြီး အဲဒီလို ကျားမျိုးတွေကို တောထဲကို ပြန်လွှတ်ရင်တော့ သူတို့ဘာသာ ရှင်သန် နိုင်မှာ မဟုတ်ဘူးလို့ ဦးတင်သန်းက ပြောပါတယ်။