မြေပြိုမှုကြောင့် ကိုလံဘီယာမှာ လူခြောက်ယောက် သေဆုံး

  • 9 ဒီဇင်ဘာ 2011
ဓာတ်ပုံ မူပိုင် AP
Image caption ကယ်ဆယ်သမားတွေ အလုပ်များပြီ

ကိုလံဘီယာ မြောက်ပိုင်းက မြေပြိုမှုကြောင့် မြေကြီးတွေကြား ပိတ်မိပြီး လူခြောက်ယောက် သေဆုံး သွားပါတယ်။

ဘတ်စကားနဲ့ ခရီးသွားတုန်း တောင်စောင်းက မြေကြီးတွေ သူတို့ပေါ် ပြိုကျလာတာ ဖြစ်ပါတယ်။

သေဆုံးသွား သူတွေထဲက တယောက် ဖြစ်တဲ့ အသက် ၂၂နှစ် အမျိုးသမီးဟာ ပိတ်မိနေတဲ့ ကြားက ကယ်ထုတ်ပေးဖို့ မိခင်ဖြစ်သူဆီ လက်ကိုင်ဖုန်းကတဆင့် ပြောကြားခဲ့တာ ဖြစ်ပါတယ်။

သူမ ပြောပြပုံအရ မှောင်မဲနေပြီး အသက်ရှုကြပ် မွန်းနေတယ် သူတို့ထဲက တယောက်က ဒဏ်ရာ အပြင်းအထန် ရနေချိန်မှာဘဲ နောက်တယောက်က ဖြူလျော့ခွေကျ လာတယ်လို့ ဆိုပါတယ်။

ကယ်ဆယ်ရေး သမားတွေ အဖို့ ၁၂နာရီ ကြာအောင် ကြိုးစား တူးဖော် ကယ်ထုတ် ခဲ့ရပေမယ့် အပြင်ရောက်လာတဲ့ အချိန်မှာ အားလုံး သေဆုံးသွားတာ ဖြစ်ပါတယ်။