ဖိနှိပ်မှုတွေကို အမိန့်မပေးလို့ အာဆတ်ပြော

  • 8 ဒီဇင်ဘာ 2011
syria ဓာတ်ပုံ မူပိုင် AFP
Image caption ဆီးရီးယား သမ္မတနဲ့ အေဘီစီ တွေ့ဆုံ မေးမြန်းစဉ်

ဆီးရီးယား သမ္မတ ဘာရှာ အယ် အာ ဆတ်က အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသူ တွေကို ရက်ရက် စက်စက် ဖိနှိပ်ဖို့ စစ် တပ်ကို သူအမိန့် မပေးခဲ့ဘူးလို့ ပြောသွား ပါတယ်။

စိတ်မမှန်တဲ့လူပဲ ကိုယ့်ပြည်သူ လူထုကိုကိုယ်ပြန် သတ်မှာလို့ ဆိုပါတယ်။

အမေရိကန်က အေဘီစီ သတင်းနဲ့ မေးမြန်းခန်း မှာ သမ္မတ အာဆတ်က ဆီးရီးယားကို ဒါမှ မဟုတ် စစ်တပ်ကို သူမပိုင်ဘူးလို့ ပြောခဲ့ပါတယ်။

တဘက်မှာ ခု အုံကြွမှုကို ကိုင်တွယ်ရာမှာ အမှားအယွင်းတွေ ရှိခဲ့တယ်လို့တော့ ဝန်ခံခဲ့ ပါတယ်။

ကုလသမဂ္ဂရဲ့ ခန့်မှန်းချက်မှာ ဆီးရီးယားက အုံကြွမှုမှာ သေဆုံးသူ လေးထောင်ကျော်သွား ပြီလို့ ဆိုပေမယ့် သမ္မတ အာဆတ်ကတော့ ကုလသမဂ္ဂဟာ ဘာသိက္ခာမှ ရှိတဲ့ အဖွဲ့ မဟုတ် ဖူးလို့ ပြောဆို တုန့်ပြန် ခဲ့ပါတယ်။

အမေရိကန် အစိုးရကတော့ ဆီးရီးယားမှာ ဖြစ်ပျက်နေတာတွေကို သူတို့ အတိအကျသိ တယ်လို့ ပြောပြီး ဘယ်သူ့မှာ တာဝန် ရှိသလဲဆိုတာလည်း သိတယ်လို့ ပြောပါတယ်။

ဆီးရီးယား နိုင်ငံခြားရေး ဝန်ကြီးဌာနကတော့ ဒါဟာ အဆင်အခြင်မဲ့တဲ့ အပြောဆိုပြီး တုန့်ပြန် ပြောဆိုခဲ့ပါတယ်။