ထိုင်းဘုရင်ကို အသရေ ဖျက်သူ ထောင်၂နှစ်ခွဲကျ

  • 8 ဒီဇင်ဘာ 2011
Image caption သက်တော် ၈၄ နှစ်ရှိပြီဖြစ်တဲ့ ဘုရင် ဘူမီဘော အဒူလျာဒက်ဟာ နန်းသက်အရှည်ဆုံး ဘုရင် ဖြစ်

ထိုင်းနိုင်ငံမှာ ထိုင်းဘုရင်မိသားစုကို အသရေဖျက် သိက္ခာချခဲ့မှုနဲ့ အမေရိကန် နိုင်ငံသား တဦးကို တရားရုံးက ထောင်ဒဏ် ၂နှစ်ခွဲ ချမှတ်လိုက်ပါတယ်။

ထိုင်းနိုင်ငံမှာ မွေးဖွားတဲ့ အဲဒီအမေရိကန် နိုင်ငံသား Joe Gordon ဆိုသူဟာ ပိတ်ပင်ထားတဲ့ ထိုင်းဘုရင် ဘူမီဘော အဒူလျာဒက် အကြောင်း အထုပ္ပတ္တိထဲက စာတချို့ကို အင်တာနက် online ပေါ် တင်ခဲ့တယ် ဆိုပြီး စွပ်စွဲခံခဲ့ရတာပါ။ အပြစ်ရှိကြောင်း လျှောက်လဲခဲ့တဲ့အတွက် သူ့ပြစ်ဒဏ်ကို တရားရုံးက တဝက် လျှော့ချ ခဲ့ပါတယ်။

ထိုင်းနိုင်ငံမှာ ထိုင်းဘုရင်မိသားစုကို စော်ကားတယ်လို့ ယူဆရတဲ့ စကားလုံး အသုံးအနှုံး တွေကို တင်းတင်းကျပ်ကျပ် အရေးယူတဲ့ဥပဒေတွေ ချမှတ်ထားပါတယ်။

ပြီးခဲ့တဲ့ လတုန်းကလည်း ထိုင်းဘုရင်မိသားစုအကြောင်း ဝန်ကြီးချုပ်ရဲ့ ကိုယ်ရေး အတွင်းရေးမှူးဆီ ဖုန်း text message တွေ ပို့ခဲ့မှုနဲ့ အသက် ၆၂နှစ်အရွယ် ထိုင်းလူမျိုး တဦးကို ထောင်ဒဏ် အနှစ်၂၀ ချမှတ်ခဲ့ပါတယ်။