အမေရိကန် စစ်ပွဲက အလောင်းတွေ မီးရှို့ မြေဖို့ပစ်

  • 9 ဒီဇင်ဘာ 2011
Image caption တိုက်ပွဲကျ အလောင်းတွေ သယ်လာပြီ

ရာနဲ့ချီတဲ့ အမေရိကန် စစ်သား အလောင်းတွေရဲ့ တချို့ အစိတ်အပိုင်းတွေကို မီးရှို့ပြီး မြေဖို့ပစ်တယ် ဆိုတဲ့ ပြောဆိုချက်တွေကို အမေရိကန် လေတပ်က ဝန်ခံခဲ့ပါတယ်။

စစ်ပွဲ အတွင်း ကျဆုံးတဲ့ အမေရိကန်တွေရဲ့ အလောင်းတွေကို အဓိက သယ်ဆောင်လာရာ ဒိုဗာ လေတပ် အခြေစိုက် စခန်းက လုပ်ဆောင်ချက်တွေကို Washington Post ဝါရှင်တန်ပို့စ် သတင်းစာက ဖော်ထုတ် တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

အလောင်းတွေဟာ ဆိုးဆိုးရွားရွား ပျက်ဆီးနေတာ ဒါမှမဟုတ် မီးလောင်ပြီး ဘယ်သူ ဘယ်ဝါလို့ ထုတ်ဖော်လို့ မရတာကြောင့် အခုလို စွန့်ပစ်တာလို့ သတင်းစာက ဆိုပါတယ်။

ဒီလုပ်ရပ်တွေကို စစ်ဆေးရေးမှူးတွေနဲ့ သက်ဆိုင်ရာ မိသားစုတွေ အသိမပေးဘဲ ဖုံးကွယ် ထားတယ် ဆိုတဲ့ စွပ်စွဲ ပြောဆိုမှုတွေ ထွက်ပေါ်နေပါတယ်။

ဒါဟာ အမေရိကန် စစ်တပ်အတွက် စိတ် ကသိကအောက် ဖြစ်စရာဘဲလို့ သတင်းထောက် တွေက ပြောပါတယ်။