Virginia Tech မှာ သေနတ် ပစ်ခတ်မှု ထပ်ဖြစ်

  • 9 ဒီဇင်ဘာ 2011
Image caption လွန်ခဲ့တဲ့ ၄နှစ် ပစ်ခတ်မှုကြောင့် သေဆုံးသူ ၃၂ယောက် အတွက် အမှတ်တရ

အမေရိကန် ပြည်ထောင်စု က Virginia Tech တက္ကသိုလ်ဝန်းထဲမှာ ပစ်ခတ်မှု ဖြစ်ပွားလို့ ရဲတယောက် အပါအဝင် လူနှစ်ယောက် သေဆုံးသွားတယ်လို့ တက္ကသိုလ် ကျောင်းအာဏာ ပိုင်တွေက ပြောပါတယ်။

သေနတ် သမား အခုဘယ်ရောက် နေသလဲ ဆိုတာ မသိသေးပါဘူး။

သေဆုံးသူ ရဲက ပုံမှန် လုပ်ရိုးလုပ်စဉ်အတိုင်း ဖြတ်သန်း သွားလာမှုတွေကို စစ်ဆေးနေတုန်း မသင်္ကာဖွယ် လူတယောက်ကို စစ်ဖို့ အတားမှာ ပစ်သတ်ခံရတာ ဖြစ်တယ်လို့ ဆိုပါတယ်။

နောက်ထပ် သေဆုံးသူ တယောက်ကိုတော့ ကားရပ်နားတဲ့ နေရာနားမှာ တွေ့ရပါတယ်။

တက္ကသိုလ်ဝန်းထဲမှာ အရေးပေါ် အခြေအနေ ကြေညာထားပြီး ရဲအများအပြား ချထား ပါတယ်။

အမေရိကန် ပြည်ထောင်စု က Virginia Tech မှာ လွန်ခဲ့တဲ့ လေးနှစ်ကျော်က တောင်ကိုရီးယား ကျောင်းသား တယောက်က လူ၃၂ ယောက်ကို ပစ်သတ် ၊ သူ့ကိုယ်သူ လည်း အဆုံးစီရင်မှုတွေ ဖြစ်ပွားခဲ့တဲ့ အဆိုးဝါးဆုံး ပစ်ခတ်မှု တခု ဖြစ်ခဲ့တဲ့ နေရာလည်း ဖြစ်ပါတယ်။