တရားဝင် ရွေးကောက်ပွဲ ရလဒ်ကို အတိုက်အခံ ပယ်ချ

  • 10 ဒီဇင်ဘာ 2011
ဓာတ်ပုံ မူပိုင် AFP
Image caption အတိုက်အခံ ခေါင်းဆောင် Etienne Tshisekedi

ကွန်ဂို ဒီမိုကရက်တစ် သမ္မတ နိုင်ငံက သမ္မတ ရွေးကောက်ပွဲမှာ လက်ရှိ သမ္မတ ဂျိုးဇက်ဖ် ခါဘီလာ အနိုင်ရတယ် ဆိုတဲ့ တရားဝင် ရွေးကောက်ပွဲ ရလဒ်ကို အဓိက အတိုက်အခံ ကိုယ်စားလှယ် Etienne Tshisekedi က ပယ်ချ လိုက်ပါတယ်။

သူသာလျှင် ရွေးကောက်ခံ သမ္မတ အဖြစ် သူ့ကိုယ်သူ သတ်မှတ်တယ် ၊ ပြိုင်ဘက် လက်ရှိ သမ္မတ ခါဘီလာ အနိုင်ရကြောင်း ကြေညာချက်ဟာ ရန်စမှုသာ ဖြစ်တယ်လို့ မစ္စတာ တက်ဆီဒီ က ပြောပါတယ်။

ရွေးကောက်ပွဲလွန် အကြမ်းဖက်မှုတွေ ဖြစ်မှာစိုးလို့ မြို့တော် Kinshasa မှာ လုံခြုံရေး တင်းတင်းကျပ်ကျပ် ချထား ပါတယ်။

မစ္စတာ တက်ရှိ ဆီခီဒီရဲ့ အိမ်နားမှာ သေနတ် ပစ်ခတ်သံတွေ ကြားရတယ်လို့ ကင်ရှာဆာ မြို့က ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

မြို့ထဲမှာ ဆန္ဒပြသမားတွေက ကားတာယာဘီးတွေ မီးရှို့ ရဲတွေကို ခဲနဲ့ ပေါက်ခဲ့ကြတယ်လို့ ပြင်သစ် သတင်းအေဂျင်စီက ပြောပါတယ်။