ကုလသမဂ္ဂက နစ်နာကြေး ပေးဖို့ ဟေတီမှာ ဆန္ဒပြ

  • 10 ဒီဇင်ဘာ 2011
ဓာတ်ပုံ မူပိုင် BBC World Service
Image caption ဟေတီက ဆင်းရဲသား ရပ်ကွက် မြင်ကွင်း

ဟေတီ နိုင်ငံမှာ ကာလဝမ်းရောဂါ ဖြစ်ပွားခဲ့မှုနဲ့ ပတ်သက်လို့ ကုလသမဂ္ဂက နစ်နာကြေး ပေးဖို့ ထောင်နဲ့ချီတဲ့ လူတွေ ချီတက် ဆန္ဒပြခဲ့ ကြပါတယ်။

ကုလသမဂ္ဂ တပ်ဖွဲ့ဝင်တွေ နိုင်ငံတွင်းကို မတော်တဆ သယ်ဆောင်လာတဲ့ ဝမ်းရောဂါပိုး ကြောင့် ဟေတီမှာ လူ ရဝဝဝ နီးပါး သေဆုံးခဲ့ရတဲ့ ကာလဝမ်းရောဂါ ဖြစ်ပွားခဲ့ရတာလို့ St Marc မြို့လယ်မှာ ဆန္ဒပြ နေကြသူတွေက ပြောပါတယ်။

နီပေါ နိုင်ငံသား ကုလသမဂ္ဂ ငြိမ်းချမ်းရေး တပ်ဖွဲ့ဝင်တွေက ဝမ်းရောဂါ သယ်လာတာ ဖြစ်နိုင်တယ် ဆိုတဲ့ အချက်ကို ကုလသမဂ္ဂက လက်ခံခဲ့ပေမယ့် စနစ်တကျ စမ်းသပ် စစ်ဆေး သက်သေ ပြုချက်တွေ လိုတယ်လို့ ဆိုပါတယ်။

လွန်ခဲ့တဲ့ ရနှစ်တုန်းက ဟေတီ နိုင်ငံမှာ သမ္မတ ရှန်း ဘာ့ထရန်းဒ် အရစ်စရိုက်ဒ် ရာထူးက ဖယ်ရှားခံရပြီးတဲ့နောက် ငြိမ်ဝပ် ပိပြားရေး အတွက် ကုလသမဂ္ဂ ငြိမ်းချမ်းရေး တပ်ဖွဲ့တွေ ချထားခဲ့ တာ ဖြစ်ပါတယ်။