ပါကစ္စတန်အစိုးရနဲ့ တာလီဘန်တို့ ဆွေးနွေး

  • 10 ဒီဇင်ဘာ 2011
ဓာတ်ပုံ မူပိုင် AP
Image caption အစိုးရက အပစ်ရပ်ရေး လိုလား နေတယ်လို့ တာလီဘန် ဒုတပ်မှူးမိုဟာမတ်က ပြော

ပါကစ္စတန်မှာရှိတဲ့ တာလီဘန်အဖွဲ့ရဲ့ ဒုတိယ တပ်မှူးဖြစ်သူ မို့ဗီ ဖာကူ မိုဟာမတ်က ပါကစ္စတန်အစိုးရရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တွေမှာ သူတို့ အုပ်စုလည်း ပါဝင်တယ်လို့ ပြောကြား လိုက်ပါတယ်။

ကနဦးအနေနဲ့ ဘာဂျော လူမျိုးစုဒေသကို အဓိကထား ငြိမ်းချမ်းရေး ဆောင်ရွက်ဖို့ဖြစ်ပြီး၊ အောင်မြင်ခဲ့ရင်တော့ နောက်ထပ် ဒေသတွေ အတွက်ပါ ဆွေးနွေးမှုတွေ ပြုလုပ်မှာ ဖြစ်တယ် လို့ ပြောပါတယ်။

ပါကစ္စတန် အာဏာပိုင်တွေကလည်း တာလီဘန် အကျဉ်းသား ၁၄၅ ဦးကို စိတ်ကောင်း စေတနာထားကာ ပြန်လွှတ်ပေးခဲ့ပြီး၊ အစိုးရအနေနဲ့ အပစ်အခတ် ရပ်စဲရေး လိုလား နေတယ်လို့ တာလီဘန် ဒုတပ်မှူး မိုဟာမတ်က ပြောပါတယ်။

အခုလို တာလီဘန်တွေနဲ့ ဆွေးနွေးမှုတွေရှိခဲ့တယ်ဆိုတာကို ပါကစ္စတန် အစိုးရဘက်က အတည်ပြု ပြောကြားခြင်း မရှိသေးပါ။

အရင်တုန်းက ပြုလုပ်ခဲ့ဖူးတဲ့ ငြိမ်းချမ်းရေး သဘောတူညီမှု တချို့ကတော့ ကြာရှည်မခံဘဲ၊ အစိုးရကို အနှောင့်အယှက်ဖြစ်စေခဲ့ပါတယ်။