ရွေးကောက်ပွဲ ပြန်ကျင်းပရေး ရုရှားမှာ ဆန္ဒပြ

  • 10 ဒီဇင်ဘာ 2011
ဓာတ်ပုံ မူပိုင် AP
Image caption ၁၀ နှစ်ကျော်အတွင်း ပထမဦးဆုံးအကြိမ် အကြီးမား ဆုံးသော ဆန္ဒပြပွဲဖြစ်

ပြီးခဲ့တဲ့ အပတ်က ကျင်းပပြီးစီးခဲ့တဲ့ ပါလီမန် ရွေးကောက်ပွဲတွေ ပြန်ကျင်းပရေး အတွက် ရုရှားနိုင်ငံတလွှား ထောင်သောင်း ချီတဲ့လူတွေဟာ တောင်းဆို ဆန္ဒပြ နေကြ ပါတယ်။

ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ အာဏာရ United Russia ပါတီက အနိုင်ရရှိသွားတာ ဖြစ်ပါတယ်။

မော်စကိုမြို့ တောင်းဆို ဆန္ဒပြမှုတွေမှာ လူပေါင်း သောင်းနဲ့ချီ စုရုံးပါဝင်ကြပြီး၊ ဒါဟာ ၁၀ နှစ်ကျော်အတွင်း ပထမဦးဆုံးအကြိမ် အကြီးမားဆုံးသော ဆန္ဒပြပွဲလည်း ဖြစ်ပါတယ်။

ရဲတွေ အကြီးအကျယ် ချထားပေမယ့်လည်း ဆန္ဒပြလူအုပ်ကြီးဟာ အလံတွေနဲ့ နဖူးစည်း စာတန်းတွေကို ဝှေ့ယမ်းပြီး၊ အစိုးရရုံးအဆောက်အဦးဝင်းဘေး မြစ်တဘက်မှာ ရှိတဲ့ ရင်ပြင်ဆီကို ချီတက် သွားနေကြ ပါတယ်။

ဆန္ဒပြပွဲ အသေးစားလေးတွေလဲ ရုရှားနိုင်ငံ တခြားနေရာတွေမှာ ဖြစ်ပွားနေပါတယ်။

စိန့်ပီတာဘာ့ခ် မှာတော့ ရဲက ဆန္ဒပြသူတွေကို ဖမ်းဖို့ ကြိုးစားတဲ့အတွက် ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ပါတယ်။

လက်ရှိအာဏာရပါတီက ပွတ်ကာသီကာနဲ့ အနိုင်ရသွားတဲ့ ပြီးခဲ့တဲ့ အပတ် ရွေးကောက်ပွဲ ဟာ မဲလိမ်ပွဲကြီး ဖြစ်တယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။