ရာသီဥတု ညီလာခံ သဘောတူညီချက် လက်ခံဖို့ တိုက်တွန်း

  • 11 ဒီဇင်ဘာ 2011
ဓာတ်ပုံ မူပိုင် Reuters
Image caption ရာသီဥတု ညီလာခံမှာ တောင်အာဖရိက နိုင်ငံခြားရေး ဝန်ကြီး Maite Nkoana Mashabane

တောင်အာဖရိက နိုင်ငံ ဒါဘန်မြို့မှာ ကျင်းပနေတဲ့ ကုလသမဂ္ဂရဲ့ ရာသီဥတု ပြောင်းလဲမှု ညီလာခံမှာ တက်ရောက်နေတဲ့ ကိုယ်စားလှယ်တွေ အနေနဲ့ သဘောတူညီမှု မရဘဲ ရက်ရှည်ကြာ ဆက်လက် ဆွေးနွေးနေမယ့် အစား လိုက်လျောမှုတွေ ပါဝင်တဲ့ သဘောတူညီချက်ကို လက်ခံကြဖို့ တိုက်တွန်းခံ နေရပါတယ်။

အခု ကမ်းလှမ်းထားတဲ့ သဘောတူညီချက်ဟာ ပြည့်စုံမှု မရှိပေမယ့် မျှတပြီး ကမ္ဘာကြီး ပူနွေးလာမှုကို ဘယ်လို တိုက်ဖျက်မလဲ ဆိုတဲ့ အပေါ် ယုံကြည်နိုင်ရလောက်တဲ့ အစီအစဉ်တွေ ပါဝင်ပါတယ်လို့ တောင်အာဖရိက နိုင်ငံခြားရေး ဝန်ကြီးက Maite Nkoana-Mashabane ပြောပါတယ်။

တကယ်တော့ ပြီးခဲ့တဲ့ သောကြာနေ့ အထိသာ ကျင်းပဖို့ စီစဉ်ထားတဲ့ ဒါဘန် ညီလာခံ အပေါ် အစောပိုင်းတုန်းက အကောင်းမြင်တာတွေ ရှိခဲ့ကြပေမယ့် အခုတော့ ပိုပြီး စိတ်မရှည်လာတော့တဲ့ အနေအထားတွေ ဖြစ်လာပြီး တချို့ နိုင်ငံက ကိုယ်စားလှယ် တွေဆိုရင် ပြန်သွားကြပြီလို့ သတင်းထောက် တွေက ပြောပါတယ်။