ဘတ်ဘိုကို ထောက်ခံတဲ့ သူတွေ ICC ရှေ့မှာ ဆန္ဒပြ

  • 11 ဒီဇင်ဘာ 2011
ဓာတ်ပုံ မူပိုင် BBC World Service
Image caption အိုင်စီစီမှာ တရားစွဲ ခံနေရတဲ့ သမ္မတဟောင်း ဘတ်ဘို

အိုင်ဗရီကိုးစ် သမ္မတဟောင်း လော့ရင့် ဘတ်ဘိုကို ထောက်ခံတဲ့ ရာထောင်ချီ သူတွေဟာ သည်ဟိတ်ခ်မြို့က အပြည်ပြည် ဆိုင်ရာ ရာဇဝတ် တရားရုံး ICC ရှေ့မှာ ဆန္ဒပြခဲ့ ကြပါတယ်။

'No Gbagbo, No Peace' ဘတ်ဘို မပါဘဲ ငြိမ်းချမ်းရေး မရနိုင်ဆိုတဲ့ စာတမ်းတွေ ပါတဲ့ တီရှပ်တွေကို ဝတ်ဆင်ထားတဲ့ ဆန္ဒပြသူ တွေဟာ ပြီးခဲ့တဲ့ လတုန်းကို သမ္မတဟောင်းကို ICC ကို လွှဲပေးခဲ့တဲ့ အပေါ် ပြစ်တင် ပြောဆိုခဲ့ ပါတယ်။

မစ္စတာ ဘတ်ဘိုဟာ ပြီးခဲ့တဲ့ နှစ် သမ္မတ ရွေးကောက်ပွဲ အပြီး ရာထူးက ဆင်းပေးဖို့ ငြင်းဆန်ခဲ့တဲ့ အတွက် အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်ခဲ့တာနဲ့ ပတ်သက်လို့ သူ့ကို လူသားမျိုးနွယ် တရပ်လုံး အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုနဲ့ တရားစွဲဆိုထားတာ ဖြစ်ပါတယ်။