ပါကစ္စတန်မှာ အစိုးရနဲ့ တာလီဘန် ငြိမ်းချမ်းရေး ဆွေးနွေးပြီ

  • 11 ဒီဇင်ဘာ 2011
ဓာတ်ပုံ မူပိုင် BBC World Service
Image caption အမေရိကန် ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ

ပါကစ္စတန်မှာ သူတို့အဖွဲ့ဟာ အစိုးရနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ ပါကစ္စတန် တာလီဘန် အဖွဲ့ လက်ထောက် အကြီးအကဲ Maulvi Faqir Mohammad က ပြောပါတယ်။

ကနဦးပိုင်း မှာတော့ Bajaur လူမျိုးစု ဒေသကို အဓိကထား ဆွေးနွေးခဲ့ ကြပေမယ့် တကယ်လို့ အောင်မြင်ရင် တခြား ဒေသတွေနဲ့ ပတ်သက်ပြီး ဆက်လက် ပြောဆို သွားကြမယ်လို့ Maulvi Faqir Mohammad က ဆိုပါတယ်။

ပါကစ္စတန် အာဏာပိုင်တွေက အပစ်အခတ် ရပ်စဲ လိုပြီး ချစ်ကြည်ရေး အနေနဲ့ တာလီဘန် အကျဉ်းသား ၄၅ယောက်ကို ပြန်လွှတ်ပေးခဲ့တယ်လို့ သူက ပြောပါတယ်။

အစိုးရကတော့ ဒီကိစ္စနဲ့ ပတ်သက်လို့ တစုံတရာ ထုတ်ပြန် ပြောကြားတာ မရှိသေး ပေမယ့် တာလီဘန်နဲ့ ဆွေးနွေးမှုတွေဟာ အစိုးရ ပေါ်လစီရဲ့ တစိတ်တဒေသ ဖြစ်တယ်လို့ ဆိုပါတယ်။