ဥရောပ ပါလီမန်အမတ်တွေ ဗြိတိန်ကို ဝေဖန်

  • 13 ဒီဇင်ဘာ 2011
Image caption ဗြိတိန်ဟာ တကိုယ်ကောင်းဆန်တယ်လို့ ဥရောပ ပါလီမန် အမတ်တွေက စွပ်စွဲ

ဥရောပသမဂ္ဂရဲ့ ဘဏ္ဍရေးဆိုင်ရာ သဘောတူ စာချုပ်သစ် တခု ချုပ်ဆိုနိုင်ရေး ကို ဗြိတိန်က လက်မခံခဲ့တာကြောင့် ဗြိတိန် ဟာ တကိုယ်ကောင်း ဆန်ပြီး သွေးစည်း ညီညွတ်ရေး စိတ်ဓာတ် ကင်းမဲ့နေတဲ့နိုင်ငံ ဖြစ်တယ်လို့ ဥရောပပါလီမန် အမတ်တွေက စွပ်စွဲ လိုက်ပါတယ်။

ဥရောပ ပါလီမန်တွင်းက အဓိက နိုင်ငံရေး အုပ်စု EPP ရဲ့ အကြီးအကဲ ဖြစ်သူ Joseph Daul က ဗြိတိန်ဟာ ဥရောပသမဂ္ဂကို လွပ်လပ်တဲ့ ရိုးရိုး ကုန်သွယ်ရေးဒေသ အဖြစ်သာ သတ်မှတ် တယ် ဆိုတာ ရှင်းနေကြောင်းနဲ့ ဒီအတွက် ဥရောပအနေနဲ့ ဗြိတိန်ကို ဘတ်ဂျက်ငွေ ဒေါ်လာ ဘီလီယံနဲ့ ချီပြီး ပြန်မအမ်းသင့်ဘူးလို့ ထင်မြင်ယူဆကြောင်း ပြောကြားပါတယ်။

ဒါပေမယ့်လည်း တချို့ကတော့ ဗြိတိန်ဘက်ကနေ အကာအကွယ် ပေးကြပြီး၊ တချို့ကတော့ အီးယူ ၂၆ နိုင်ငံရဲ့ ဘဏ္ဍာရေး သဘောတူညီချက်ကို ဝေဖန်ကြပါတယ်။

ကြွေးမြီအကျပ်အတည်း ရင်ဆိုင်နေရတဲ့ အီးယူနိုင်ငံတွေ အနေနဲ့ ကြွေးမြီကိစ္စ အနည်းငယ် ပြေလည်ဖို့ အတွက် ခြိုးခြံချွေတာရေးကို ဘယ်လောက်အထိ လုပ်ဆောင်ရမလဲ ဆိုတဲ့အပေါ် ဝေဖန်နေကြတာ ဖြစ်ပါတယ်။