Higgs boson ရှိတဲ့ လက္ခဏာကို ဖော်ထုတ် တွေ့ရှိ

  • 14 ဒီဇင်ဘာ 2011
Image caption Higgs boson ဓါတ်ပုံ

Higgs boson လို့ခေါ်တဲ့ အနုမြူထက် သေးတဲ့ အမှုန်တမျိုး ရှိနိုင်တာ ပြသနေတဲ့ လက္ခဏာကို ဖော်ထုတ် တွေ့ရှိခဲ့တယ်လို့ ဂျီနီဗာမြို့ CERN သိပ္ပံ ဓါတ်ခွဲခန်းက ရူပဗေဒ ပညာရှင်တွေက ပြောပါတယ်။

ဟစ်ဂ်စ် ဘိုဇွန် အနုမြူမှုန်တွေ ရှိကြောင်း သက်သေပြ နိုင်ခဲ့ရင် ရူပဗေဒရဲ့ ဒြပ်ဆွဲငင်မှု ဆိုင်ရာ ဥပဒေကို ရှင်းပြနိုင်ဖို့ အထောက်အကူ ပြုလိမ့်မယ်လို့ ဆိုပါတယ်။

ရူပဗေဒ သီအိုရီတွေ အရ ဟစ်ဂ်စ် ဘိုဇွန် တွေချင်း အပြန်အလှန် သက်ရောက်မှုကနေ စင်္ကြာဝဌာကြီး ဖြစ်လာတာလို့ လောလောဆယ် နားလည် လက်ခံ ထားကြတာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ခိုင်မာ ပြည့်စုံတဲ့ အထောက်အထား ရလိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ နောက်လ အနည်းငယ်ကြာ စမ်းသပ်မှုတွေ လုပ်ဆောင်ဦးမယ်လို့ သိပ္ပံ ပညာရှင်တွေက ပြောပါတယ်။

အမှုန် အရှိန် ပေးစက်ထဲမှာ အလင်းရဲ့ အလျှင်နှုန်းနီးနီး ပြေးနေတဲ့ အမှုန်တွေ တခုနဲ့ တခု တိုက်ခိုင်းရာကနေ ထွက်လာတဲ့ အမှုန်လေးတွေက Higgs boson ဟစ်ဂ်စ် ဘိုဇွန် ရလာတာ ဖြစ်ပါတယ်။