အကျဉ်းသား အားလုံး ပြန်လွှတ်ပေးဖို့ အမိန့်ထုတ်

  • 14 ဒီဇင်ဘာ 2011
ဓာတ်ပုံ မူပိုင် afp
Image caption ဆန္ဒပြလို့ ဖမ်းထားသူတွေကို ပြန်လွှတ်တော့မယ်

ယီမင်နိုင်ငံမှာ ပြီးခဲ့တဲ့ ဆယ်လ အတွင်း သမ္မတဆာလေးကို ဆန့်ကျင် ဆန္ဒပြမှုနဲ့ ပတ်သက်လို့ ဖမ်းဆီး ထိန်းသိမ်းထားတဲ့ အကျဉ်းသား အားလုံးကို ပြန်လွှတ်ပေးဖို့ အသစ်တက်လာတဲ့ အမျိုးသား ညီညွတ်ရေး အစိုးရထဲက ပြည်ထဲရေး ဝန်ကြီးက အမိန့်ထုတ်လိုက်တယ်လို့ သတင်းတွေ ရရှိပါတယ်။

အကျဉ်းသား အရေအတွက် အသေးစိတ်ကိုတော့ မသိရပေမယ့် ယီမင် အရေး တက်ကြွ လှုပ်ရှားသူတွေကတော့ ဆန္ဒပြမှုတွေ စဖြစ်ခဲ့တဲ့ ဖေဖော်ဝါရီလ ကတည်းက ဆိုရင် ဆန်နာ့မြို့မှာ ဖမ်းထားတာတင် ၁၄ဝဝ လောက် ရှိတယ်လို့ ဆိုပါတယ်။

နောက်ဆုံးမှာတော့ သမ္မတ ဆာလေးဟာ အာဏာလွှဲပေးမယ့် အစီအစဉ်ရဲ့ တစ်စိတ် တဒေသ အဖြစ် အစိုးရသစ် ဖွဲ့ခဲ့တာ ဖြစ်ပါတယ်။