အီရတ်ပြန် တပ်ဖွဲ့တွေကို အိုဘားမားကြိုဆို

  • 15 ဒီဇင်ဘာ 2011
Obama
Image caption အီရတ်ပြန် တပ်ဖွဲ့တွေကို အိုဘားမား ကြိုဆို

အီရတ်ကို အမေရိကန် တပ်တွေ ကျူးကျော် ဝင်ရောက်ပြီး ကိုးနှစ် နီးပါး အကြာမှာ အီရတ်ကနေ နောက်ဆုံး အသုတ်အဖြစ် ပြန်လာနေတဲ့ အမေရိကန် တပ်ဖွဲ့တွေက သမ္မတ အိုဘားမားက ကြိုဆို ခဲ့ပါတယ်။

အိုဘားမားဟာ အီရတ် စစ်ပွဲကို စကတည်းက ဆန့်ကျင်ခဲ့သူ ဖြစ်ပါတယ်။

နော့ကယ်ရိုလိုင်းနား ပြည်နယ် ဘရက်တပ် မြို့မှာ ပြည်တော်ပြန် တပ်ဖွဲ့တွေကို ကြိုဆို မိန့်ခွန်း ပြောရာမှာ အမေရိကန် ပြည်သူ အားလုံးက စစ်တပ်ကို ကျေးဇူး တင်ရှိတယ်ဆိုတာကို ပြောလိုကြောင်း ပြောသွားပါတယ်။

အမေရိကန် စစ်သားတွေရဲ့ သတ္တိ၊ စစ်ပွဲအတွင်း စစ်သား ပီသမှုတွေကို အိုဘားမားက ချီးကြူး ပြောဆို ခဲ့ပြီး သေကြေ ဒဏ်ရာ ရသူ များလှတဲ့ အီရတ် စစ်ပွဲက ပေးဆပ်ခဲ့ရတဲ့ တန်ဖိုး ကြီးမားလှတယ်လို့ ပြောပါတယ်။

တဘက်မှာ ဒီစွန့်လွှတ် အနစ်နာခံမှုတွေကြောင့် အီရတ်ရဲ့ အချုပ် အခြာ အာဏာ ပိုပြီး တည်ငြိမ် စေခဲ့တယ်လို့ အိုဘားမားက ပြောသွားပါတယ်။ob