ယူရိုဇုန် ခြောက်နိုင်ငံကို အဆင့်လျှော့ သတ်မှတ်ဖို့ စဉ်းစား

  • 17 ဒီဇင်ဘာ 2011
ဓာတ်ပုံ မူပိုင် AFP
Image caption အကြွေး အဆင့်အတန်း သတ်မှတ်တဲ့ အေဂျင်စီ

ယူရိုဇုန်ရဲ့ ကြွေးမြီပြဿနာကို ကျယ်ကျယ်ပြန့်ပြန့် နည်းလမ်းရှာရာမှာ ဘဏ္ဍာရေး အရကော နိုင်ငံရေး အရပါ နည်းလမ်း ကုန်နေပြီလို့ ယူဆရကြောင်း အကြွေး အဆင့်အတန်း သတ်မှတ်တဲ့ Fitch အေဂျင်စီက ပြောပါတယ်။

ယူရိုငွေကြေးသုံး နိုင်ငံတွေထဲက ခြောက်နိုင်ငံ ဖြစ်တဲ့ အီတလီ ၊ စပိန် ၊ အိုင်ယာလန် ၊ ဘယ်လဂျီယန် ၊ စလိုဗေး နီးယားနဲ့ ဆိုက်ပရပ်စ်တို့ကို အကြွေးပေးဖို့ စိတ်ချရတဲ့ အဆင့် လျော့ချ သတ်မှတ်ဖို့ စဉ်းစားနေတယ်လို့ အဲဒီ အေဂျင်စီက ဆိုပါတယ်။

ပြင်သစ်ကတော့ လက်ရှိ သူ့ရဲ့ အေသုံးလုံး အဆင့်မှာ ဆက်ရှိနေပေမယ့် တိုင်းပြည်ရဲ့ ရှေ့အနာဂတ် ကြည့်ရင် စီးပွားရေး တည်ငြိမ်ရာ ကနေ အနှုတ် လက္ခဏာ ဆောင်တဲ့ အနေအထားမှာ ရှိတယ်လို့ အေဂျင်စီက ပြန်လည် သုံးသပ်ထားပါတယ်။