ဆီးရီးယားအရေး လုံခြုံရေး ကောင်စီမှာ ရုရှား အဆိုကြမ်းတင်

  • 16 ဒီဇင်ဘာ 2011
ဓာတ်ပုံ မူပိုင် BBC World Service
Image caption ဆီးရီးယား အရေး ရုရှားက လုံခြုံရေး ကောင်စီမှာ အဆိုကြမ်းတင်ပြီ

ဆီးရီးယား နိုင်ငံမှာ ဆန္ဒပြသူတွေကို အစိုးရက အကြမ်းဖက် နှိမ်နင်းနေမှုတွေ အဆုံးသတ် စေဖို့ ရည်ရွယ်တဲ့ ရုရှားရဲ့ အဆိုပြုလွှာ မူကြမ်းကို နယူးယောက်မြို့က ကုလသမဂ္ဂ အစည်းအဝေးမှာ ဖြန့်ဝေခဲ့တာကြောင့် အနောက်နိုင်ငံတွေ အားလုံး အံအားသင့်ခဲ့ ရပါတယ်။

အရင်တုန်းက ဒီကိစ္စနဲ့ ပတ်သက်လို့ အနောက်နိုင်ငံ အစိုးရတွေရဲ့ အဆိုပြုချက်ကို ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှာ လအတန်ကြာ တင်ပြ ကြိုးစားခဲ့ပေမယ့် တရုတ်နဲ့ ရုရှားတို့က ဗီတိုသုံး ပယ်ချခဲ့တာ ဖြစ်ပါတယ်။

အခုတော့ ရုရှားက ပြင်ဆင်ထားတဲ့ အခု အဆိုပြုလွှာ မူကြမ်းကို ဥရောပနဲ့ အမေရိကန် သံတမန်တွေက ကြိုဆိုလိုက်ပေမယ့် ဆီးရီးယား အစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု တွေ ပေါ်လွင်အောင် လုံလောက်တဲ့ အပြစ်တင် ထောက်ပြထားတာ မတွေ့ရဘူးလို့ ဆိုပါတယ်။

ရုရှားဟာ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ ဖိအားပေးတာကို ခံနေရပုံ ရတယ်လို့ ကုလသမဂ္ဂ ဆိုင်ရာ ပြင်သစ် သံအမတ်ကြီးက ပြောပါတယ်။