အာဆက်ကို ထိထိရောက်ရောက် အရေးယူဖို့ ပြည်သူတွေ ဆော်သြ

  • 17 ဒီဇင်ဘာ 2011
ဓာတ်ပုံ မူပိုင် Reuters
Image caption အာရပ် အဖွဲ့ချုပ်ကို ဆီးရီးယား ပြည်သူတွေ ဆော်သြ

ဆီးရီးယား နိုင်ငံက မြို့တော်တော်များများမှာ အတိုက်အခံတွေရဲ့ ဆန္ဒပြမှုတွေ ကျယ်ပြန့် လာနေပြီး သမ္မတ ဘတ်ရှား အယ် အာဆက်ဒ် အပေါ် လေးနက် ထိရောက်တဲ့ အရေးယူ မှုတွေ ဆောင်ရွက်ပေးဖို့ အာရပ် အဖွဲ့ချုပ်ကို တောင်းဆို ဆော်သြ ထားပါတယ်။

ဒီနေ့ စနေနေ့မှာ ဆီးရီးယား အရေး ဆွေးနွေးဖို့ အာရပ်အဖွဲ့ချုပ် နိုင်ငံတွေရဲ့ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးကို ဖျက်သိမ်းလိုက်တဲ့ အတွက် ဆီးရီးယားက ဆန္ဒပြသူတွေ ဒေါသထွက်ခဲ့ ကြတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ လကတည်းက အာရပ်အဖွဲ့ချုပ်ကနေ ဆီးရီးယားကို အဖွဲ့ဝင် အဖြစ်က ရပ်ဆိုင်း လိုက်ပြီးကတည်းက အဖွဲ့ချုပ် အတွင်းမှာ ဆီးရီးယားကို ပိတ်ဆို့ အရေးယူရေး အပေါ် သဘောထား ကွဲပြားမှုတွေ ပေါ်ပေါက်ခဲ့တာ ဖြစ်ပါတယ်။

ဆီးရီးယား အရေး အဓိက တက်ကြွလှုပ်ရှားသူ အဖွဲ့ ဆီးရီးယား အမျိုးသား ကောင်စီဟာ မဟာဗျူဟာ ချမှတ်ရေး ဆိုင်ရာ ကိစ္စ ဆွေးနွေးဖို့ ဒီသီတင်းပတ်ကုန်ပိုင်းမှာ တူနီးရှားမှာ တွေ့ဆုံဖို့ ရှိပါတယ်။