အာရပ်ကမ္ဘာ နွေဦးတော်လှန်ရေး တနှစ်ပြည့်

  • 17 ဒီဇင်ဘာ 2011
ဓာတ်ပုံ မူပိုင် Reuters
Image caption အာရပ်နွေဦးတော်လှန်ရေး တနှစ်ပြည့် အခမ်း အနားကို တူနီးရှား ပြည်သူတွေ တက်ရောက်

အာရပ်ကမ္ဘာမှာ နွေဦးတော်လှန်ရေးလို့ ခေါ်တဲ့ ဒီမိုကရေစီ တောင်းဆိုအုံကြွမှုတွေ အစပြုခဲ့တဲ့ တူနီးရှားနိုင်ငံက ကုန်စိမ်း ရောင်းတဲ့ စျေးသည်တဦး သူ့ကိုယ်သူ မီးရှို့ဆန္ဒပြမှု ဖြစ်ခဲ့တာ ဒီဇင်ဘာ ၁၇ ရက် မှာ တနှစ်ပြည့်ခဲ့ပါပြီ။

၂၀၁၀ ခုနှစ် ဒီဇင်ဘာ ၁၇ ရက်နေ့တုန်းက စျေးရောင်းခွင့် ပိတ်ပင်ခံရတဲ့ ကုန်စိမ်းသည် လူငယ် Mohamed Bouazizi ဟာ သူ့ကိုယ်သူ မီးနဲ့ရှို့ပြီး အသေခံ ဆန္ဒပြခဲ့ပါတယ်။

အဲဒီလို မီးရှို့ ဆန္ဒပြရာကနေ ၂၃ နှစ်ကြာအောင် လူတွေရဲ့ အခွင့်အရေးတွေကို ပိတ်ပင်ပြီး အမျိုးမျိုး ဖိနှိပ်အုပ်ချုပ်ခဲ့တဲ့ တူနီးရှားသမ္မတ Zine al-Abidine Ben Ali ရာထူးက ဆင်းပေး ခဲ့ရတဲ့အထိ လူထု ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့ပါတယ်။

အာရပ် နွေဦးတော်လှန်ရေးလို့ နောင်အခါလူသိများ လာတဲ့ ဒီလှုပ်ရှားမှုဟာ မကြာခင် အီဂျစ်နိုင်ငံဆီကို ကူးစက်သွားခဲ့ပြီး အီဂျစ်ကိုနှစ် ၃၀ ကြာအောင် အုပ်ချုပ်ခဲ့တဲ့ သမ္မတ မူဘာရက်ဟာ အာရပ်ကမ္ဘာမှာ လူထုဆန္ဒပြမှုကြောင့် ဆင်းပေးရတဲ့ ဒုတိယခေါင်းဆောင် ဖြစ်ခဲ့ ပါတယ်။

တခါ လမ်းပေါ်က ဆန္ဒပြမှုတွေကို ကဒါဖီအစိုးရက အင်အားသုံးနှိမ်နှင်းခဲ့တာကြောင့် နောက်ပိုင်းမှာ လက်နက် ကိုင်တော်လှန်တဲ့ အသွင်ဖြစ်လာပြီး၊ အရပ်သားတွေကို ကာကွယ်ဖို့ NATO မြောက်အတ္တလန်တိတ် စာချုပ်အဖွဲ့ကလည်း လေကြောင်းက ကူညီတိုက်ခိုက်ခဲ့ ပါတယ်။

ကဒါဖီ သစ္စာခံတွေ အရေးနိမ့်ပြီး၊ ကဒါဖီလည်း ထွက်ပြေးရာကနေ သူ့ကို အရှင်ဖမ်းမိ ပေမယ့် နောက်ဆုံးမှာ သေနတ်ထိမှန် သေဆုံးသွားခဲ့ပါတယ်။

အာရပ်ခေါင်းဆောင် သုံးဦး ပြုတ်ကျသွားခဲ့ရတဲ့ ဒီဖြစ်ရပ်တွေဟာ ဒီမှာတင် အဆုံးမသတ် သေးပဲ၊ ဆီးရီးယားနဲ့ ယီမင်နိုင်ငံတွေမှာလည်း လူထုအုံကြွမှုတွေ ဆက်ဖြစ်နေဆဲပါ။

အာရပ် နွေဦးတော်လှန်ရေးဟာ အခုတနှစ်ကြာလာတဲ့ အထိ အရှိန်နဲ့ ဆက်သွားနေဆဲပဲ ဖြစ်တယ်ဆိုတာ တင်ပြလိုက်ရပါတယ်။