ကိုင်ရို မြို့လယ်မှာ တိုက်ခိုက် နေကြဆဲ

  • 18 ဒီဇင်ဘာ 2011
egypt ဓာတ်ပုံ မူပိုင် AP
Image caption ကိုင်ရိုမြို့က ဆန္ဒပြသူတွေနဲ့ လုံခြုံရေးများ

အီဂျစ် နိုင်ငံ က ကိုင်ရို မြို့လယ် မှာတော့ စစ်တပ်က အုပ်ချုပ် နေတာကို ဆန့်ကျင် သူတွေနဲ့ လုံခြုံရေးတွေ အကြား ရင်ဆိုင် တိုက်ခိုက် မှုတွေ ဒုတိယနေ့ အဖြစ်ဆက် လက် ဖြစ်ပွား ခဲ့ပါတယ်။

ပြီးခဲ့တဲ့ သောကြာ နေ့က စခဲ့တဲ့ ဒီ ရင်ဆိုင် မှုတွေကြောင့် အနည်းဆုံး လူပေါင်း ၉ ဦး အသက် ဆုံးရှုံး ခဲ့ရ ပြီးလဲ ဖြစ်ပါတယ်။ အစိုးရ ဆန့်ကျင်သူ တွေဘက်က စစ်တပ်က ခန့်အပ် ပေးထားတဲ့ ဝန်ကြီးချုပ် ကာမဲလ် အဲလ် ဂန်ဇူရီ က သူတို့ကို တော်လှန်ရေး ကို တန်ပြန် တော်လှန် သူတွေလို့ ဆိုခဲ့ တဲ့အပေါ်မှာ အတော် မကျေမနပ် ဖြစ်နေ ကြ ပါတယ်။

ဒီလို မတည်မငြိမ် ဖြစ်နေတဲ့ အတွက် ကိုင်ရို မြို့ခံ တဦးကတော့ ဒီ ကိစ္စနဲ့ ပတ်သက်ပြီး အာဏာပိုင် တွေဘက်က ငြိမ်းချမ်း စွာ ဖြေရှင်းသွား သင့်တယ်လို့ ဆိုပါတယ်။ သူက အခု အခြေအနေ တွေက အတော်ကို ဆိုးရွား နေတဲ့ အကြောင်း၊ သူတို့ မြို့ခံ တွေအနေနဲ့ ဒီလို အခြေအနေ ဆိုးတွေကြား မှာ အလုပ် လုပ်လို့ လဲ မရတဲ့ အကြောင်း နဲ့ စစ်တပ် ဘက်က ဆန္ဒပြမှုတွေ ပြီးဆုံး စေဖို့ ဆိုရင် ဉာဏ် သုံး ပြီးတော့ ဖြေရှင်း ဖို့ သင့်တယ်လို့ သူ့ရဲ့ အမြင်တွေ ကို ပြောသွား ခဲ့ပါတယ်။

အခု အီဂျစ် နိုင်ငံမှာ စစ်တပ် အုပ်ချုပ်ရေး ကနေ အရပ်သား အစိုးရ အုပ်ချုပ်ရေး ကို ဖော်ဆောင် နိုင်ဖို့ အတွက် ရွေးကောက် ပွဲကြီး ကျင်းပဖို့ ပြင်ဆင် နေကြတဲ့ အချိန် ဖြစ် ပါတယ်။