အီရတ် ပါလီမန်အတွင်း နိုင်ငံရေး မတည်ငြိမ်

  • 18 ဒီဇင်ဘာ 2011
allawi
Image caption ဝန်ကြီးချုပ် ဟောင်း အယတ်ဒ် အာလာဝီ

အီရတ် နိုင်ငံမှာတော့ ဝန်ကြီးချုပ် နိုရီ အဲလ် မာလစ်ကီ ရဲ့ ဆုံးဖြတ်ချက် ချတဲ့ ကိစ္စတွေ မှာ လွှမ်းမိုး နေမှုကို မကျေနပ် ကြတဲ့ အတွက် ပါလီမန် ထဲက ဒုတိယ အကြီး ဆုံး အဖွဲ့က ဆန္ဒပြတဲ့ အနေနဲ့ ပါလီမန် ကနေ ထွက်သွား ခဲ့ကြ ပါတယ်။

အီရတ် နိုင်ငံကနေ အမေရိကန် တပ်တွေ ထွက်သွားခဲ့ တာ ရက်ပိုင်းပဲ ရှိနေသေး ချိန်မှာ အရင် ဝန်ကြီးချုပ် ဟောင်း အယတ်ဒ် အာလာဝီရဲ့ အီရတ်ကီယာ အဖွဲ့က အခုလို လုပ်လိုက်တဲ့ အတွက် နိုင်ငံအတွင်း နိုင်ငံရေး အကြပ်အတည်းတွေ ဖြစ်သွားစေခဲ့ ပါတယ်။

ဒီ အဖွဲ့ဟာ ၃၂၅ နေရာ ရှိတဲ့ အီရတ် ပါလီမန် ထဲမှာ သူတို့က လေးပုံ တပုံလောက် နေရာ ယူထားခဲ့ တာဖြစ်ပါတယ်။ အခုတော့ ဒီအဖွဲ့က ရှီဟိုက် တွေ ဦးဆောင်ထားတဲ့ အစိုးရကို ဒီပြဿနာ တွေ ဖြေရှင်း ဖို့နဲ့ ပတ်သက်ပြီး တွေ့ဆုံ ဆွေးနွေးဖို့ တောင်းဆိုထားပါတယ်။ ဒီ အီရတ်ကီယာ အဖွဲ့ဟာ အီရတ် မှာ လူနည်းစု ဖြစ်တဲ့ ဆွန်နီ အာရပ်တွေရဲ့ ထောက်ခံမဲ အများစုကို ရရှိထား တာဖြစ်ပါတယ်။