ရုရှား ကမ်းလွန် ရေနံတွင်းတူးစင် တိမ်းစောင်း နစ်မြှုတ်

  • 18 ဒီဇင်ဘာ 2011
ဓာတ်ပုံ မူပိုင် Reuters
Image caption တွင်းတူးစင်ကြီး ကို ဆွဲသင်္ဘောနဲ့ ဆွဲနေစဉ် တိမ်းမှောက် သွားတာ ဖြစ်

ရုရှားနိုင်ငံအရှေ့ဖျား ကမ်းလွန်မှာ ရေနံတွင်းတူး စင် တခု အေးခဲလှတဲ့ ရာသီဥတု အောက်မှာ တိမ်းမှောက် သွားတဲ့အတွက် လူလေးဦး သေဆုံးသွားပြီး ဒါဇင်နဲ့ချီ ပျောက်ဆုံးနေပါတယ်။

ကော့စကိုယာလို့ အမည်ရတဲ့ အဲဒီရေနံတူးစ်င ပေါ်မှာ လူပေါင်း ၆၇ ဦး ရှိနေခဲ့တာ ဖြစ်တယ်လို့ ရုရှား အရာရှိ တွေက ပြောပါတယ်။

အဲဟော့စ်တ် ပင်လယ်ပြင်မှာ အဲဒီရေနံတွင်းတူးစင် ကို ဆွဲသင်္ဘောနဲ့ ဆွဲနေစဉ် ဆိုးဝါးလှတဲ့ ရာသီဥတုအောက်မှာ တွင်းတူးစင် တိမ်းမှောက်သွား တာ ဖြစ်ပါတယ်။

လူပေါင်း ၁၄ ဦးကိုတော့ ကယ်ဆယ်နိုင်ခဲ့ပြီး၊ တခြား အသက်မသေဘဲ လွတ်မြောက်သူတွေ ကိုလည်း ရှာဖွေနေပါတယ်။

ရာသီဥတု အခြေအနေကတော့ လေပြင်းတွေတိုက်ပြီး ၄ မီတာ အမြင့်လောက်ရှိတဲ့ လှိုင်းတွေ လည်း ထန်နေတာ ဖြစ်ပါတယ်။

လူမပါတဲ့ အသက်ကယ် ရာဘာလှေ တချို့ကိုလည်း ပြန်တွေ့ခဲ့ ရပါတယ်။

ဘီဘီစီ မော်စကို သတင်းထောက် ပြောတာကတော့ ဒီ ရေခဲတမျှ အေးခဲနေတဲ့ ရေထဲမှာ ပျောက်ဆုံးနေတဲ့ သူတွေကို အသက်ရှင်လျက် ပြန်တွေ့နိုင်ဖို့ကတော့ အခွင့်အလမ်း အရမ်း နည်းတယ်လို့ ဆိုပါတယ်။