ဆီးရီးယားကို အာရပ် အဖွဲ့ချုပ် ဖိအားပေး

  • 18 ဒီဇင်ဘာ 2011
syria_strikes_protests ဓာတ်ပုံ မူပိုင် Reuters
Image caption ဆီးရီးယား က ဆန္ဒပြ နေကြသူများ

ဆီးရီးယား နိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အစိုးရ ကို ဆန့်ကျင် သူတွေနဲ့ အစိုးရ လုံခြုံရေး တပ်ဖွဲ့တွေ အကြားက တိုက်ခိုက်မှု တွေကို အဆုံးသတ် နိုင်ဖို့ အတွက် အာရပ် အဖွဲ့ချုပ် အဖွဲ့ဝင် နိုင်ငံ တွေက ဆီးရီးယား အပေါ် မှာ ဖိအားတွေ ပိုပြီး ပေးလာကြ ပါတယ်။

ကာတာ ဝန်ကြီး ချုပ်က ဒမတ်စကတ်စ် ကို အာရပ် အဖွဲ့ချုပ်ရဲ့အဆိုပြုချက်တွေကိုဗုဒ္ဓဟူး နေ့ နောက်ဆုံး ထားပြီး လိုက်နာ အကောင် အထည် ဖော်နိုင်ဖို့ အတွက် တိုက်တွန်း လိုက်ပါတယ်။ အဲဒီ နေ့မှာ ဒီ ကိစ္စနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ လုံခြုံရေး ကောင်စီကို တင်ပြ ဖို့ အတွက် အာရပ် အဖွဲ့ချုပ်ရဲ့ အဖွဲ့ဝင် နိုင်ငံ တွေက နိုင်ငံခြားရေး ဝန်ကြီးတွေ မဲခွဲ ဆုံးဖြတ် ကြမှာ ဖြစ်ပါတယ်။

ဒီလို သာ တင်ပြလိုက်ရင် တော့ ဆီးရီးယား အစိုးရ အတွက် ဒီ ပြဿနာ က ပိုကြီးလာ နိုင်တယ်လို့ ဘီဘီစီ သတင်း ထောက်က သုံးသတ်ထား ပါတယ်။ အာရပ် အဖွဲ့ချုပ် ရဲ့ အဆိုပြုချက် တွေထဲမှာ လက်ရှိ ဖြစ်နေတဲ့ တိုက်ခိုက်မှု တွေ ရပ်တန့် ဖို့နဲ့ နိုင်ငံတကာက စောင့်ကြည့် လေ့လာ သူတွေ ချထား ဖို့ တွေ ပါဝင်ပါတယ်။